September 27, 2024

၂၃.၉.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှိ ဇော်ဂျီရေထိန်းဆည်အောက်တွင် ရေစီးဖြင့်မြောလာသည့် ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၃ ရက် နံနက်ခင်းအချိန်တွင် ကျောက်ဆည်မြို့ရှိ ဇော်ဂျီရေထိန်းဆည်အောက်တွင် အမျိုးသားတစ်ဦးအလောင်းတွေ့ရှိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ပြီး အလောင်းဆယ်ယူ၍ ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“အလောင်းကပိုင်ရှင်မဲ့ပါ။ အသက် ၃၀ အောက်ရှိတယ်။ အလောင်းကိုဆေးရုံပိုပေးလိုက်တယ်” ဟု မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့(ကျောက်ဆည်မြို့) မှတာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်၊ ကြိုးတံတားအနီးတွင် ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး၏ အလောင်း(၁)လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *