September 27, 2024

၂၃.၉.၂၀၂၄.
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကန်ချနာဖီဆက်လမ်းပေါ်တွင် ၂၂ ဘီးပါ ထရပ်ကားတစ်စီးက အခြားယာဥ် ၁၆ စီးကို ဝင်တိုက်မိမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး လူ ၁၇ ဦးဒဏ်ရာရမှု စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဥ်တိုက်မှုက ဘန်ကောက်မြို့၏ အပြင်မြို့ပတ်လမ်းဖြစ်သော ကန်ချနာဖီဆက်လမ်းပေါ် ကျောက်ဖယားမြစ်အနီးတွင် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးသမားများအား ကူညီပေးရန် ဆက်သွယ်သူက အကြောင်းကြားခဲ့သည်။

ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ပေးနေမှုနှင့် ယာဥ်အပျက်အစီးများအား ဖယ်ရှားနေမှုတို့ကြောင့် ထိုလမ်းအစိတ်အပိုင်းအား တစ်နာရီခန့်ပိတ်ထားခဲ့ရပြီး ညနေ ၆ နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ယာဥ်တိုက်မှုတွင်ဝင်အတိုက်ခံရပြီး မော်တော်ကားထိခိုက်ပျက်စီးခဲ့သော အသက် ၅၁ နှစ်အရွယ် ပရာဆတ်ခက်ဘန်က ကြီးမားလှသော ၂၂ ဘီးကားက အရှိန်ဖြင့်ဝင်တိုက်ခဲ့ရာတွင် လူစီးကားများ၊ ပစ်ကပ်ကားများနှင့် ဓာတ်ငွေ့သယ်ကားကြီးတစ်စီးတို့ပါပျက်စီးခဲ့ရကြောင်း ပြောခဲ့ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ယာဥ်တိုက်မှု၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *