September 27, 2024

၂၃.၉.၂၀၂၄
Written By Thandar

ယနေ့ နံနက်ပိုင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)က ရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကို အပါအဝင် အသင်းသားတွေနဲ့အတူ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တဲ့ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် သိမ်ကုန်းကျေးရွာက ရေဘေးကယ်ဆယ်ရေးစခန်းမှာ အိမ်ခြေ ၃၀၀ စာ ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဆိုပါအသင်းက စေတနာရှင် အများပြည်သူကောင်းမှုအနေနဲ့ ဆန်၊ ဆီ(အထုတ်ငယ်)၊ အဝတ်အစား၊ စောင်၊ စတီးဇလုံ/ဇွန်း၊ ဇလုံကြီး/သေး၊ ငါးသေတ္တာ၊ ဖယောင်းတိုင်၊ မီးခြစ်၊ ရေသန့်၊ ပါရာစီတမောလ်/ ဗီတာမင်-စီ၊ ဖိနပ်၊ ခေါက်ဆွဲခြောက်၊ ငါးခြောက်ကြော် အစရှိတဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်ဆေးဝါးတွေကို ရေဘေးကူညီ ထောက်ပံ့ရေး သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

နာရေးကူညီမှုအသင်းသားဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုက ရေဘေးသင့်ပြည်သူတွေကို တွေ့ဆုံပြီး စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားများ ပြောကြားခဲ့ပါတယ်။

နာရေးကူညီမှုအသင်းက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ရက်နေ့ကလည်း ထွန်းကိုကိုနဲ့အတူ အဆိုတော်တွေဖြစ်တဲ့ ပိုပို၊ အိုင်ရင်းဇင်မာမြင့်တို ဇနီးမောင်နှံတို့နဲ့ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့က ရေဘေးသင့်ပြည်သူတွေဆီ အရောက်သွားပြီး စိတ်ခွန်အားပေးခဲ့သလို စားသောက်ကုန်ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *