September 27, 2024

၂၂.၉.၂၀၂၄
Written By Thandar

ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့ရည်ရွယ်ချက်နဲ့ တေးသံရှင် ခြိမ့်ကေကို (Banana) က ကိုယ်တိုင် ခံစားရေးဖွဲ့ထားတဲ့ “ရိုးသားကြိုးစား” သီချင်းကို လေလံတင်ခဲ့ရာမှာ အမေရိကန်နိုင်ငံက သူ့ရဲ့ပရိသတ်တွေက ကျပ် ၁၇ သိန်းခွဲနဲ့ လေလံအောင်ခဲ့လို့ ယနေ့ စက်တင်ဘာ ၂၂ ရက်မှာ ခိုင်နှင်းဝေက တစ်ဆင့် လှူဒါန်းခဲ့ပါတယ်။

“မင်္ဂလာပါ ကျွန်တော့်မွေးမိခင် ချစ်မေမေနဲ့အတူ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ ‘ရိုးသားကြိုးစား’ သီချင်းလေးကို ပါ၀င်အားဖြည့်ပြီးတော့ ရေဘေးကူညီရေးအတွက် ပါ၀င်လှူဒါန်းပေးတဲ့ US က ကိုဖြိုး၊ ကိုထွဋ် မလေးမြင့်၊ မယုခိုင်၊ စေတနာရှင်တွေက ငွေကျပ် ၁၇ သိန်း ၅ သောင်းကျပ်ကို မမ Khine Hnin Wai Foundation သို့ ကျွန်တော်ချစ်မေမေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ခုနစ်ရက်သားသမီးများနှင့် ရာဟုအပါအ၀င်အားလုံး ဘေးအားလုံးမှ ကင်းဝေးကြပါစေ”လို့ ခြိမ့်ကေကိုက ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့ရည်ရွယ်ချက်နဲ့ သူကိုယ်တိုင် ခံစားရေးဖွဲ့ထားတဲ့ “ရိုးသားကြိုးစား” ဆိုတဲ့ သီချင်းကို လေလံကြမ်းခင်းဈေး ကျပ် ၁၅ သိန်းသတ်မှတ်ပြီး လူမှုကွန်ရက်စာမျက်နှာကနေ လေလံတင်ရောင်းချခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်မှာ အမေရိကန်နိုင်ငံက သူ့ပရိတွေရဲ့ဝယ်ယူအားပေးမှုကြောင့် ကျပ် ၁၇ သိန်းခွဲနဲ့ လေလံအောင်မြင်သွားခဲ့တာပါ။

ခြိမ့်ကေကို ကတော့ Myanmar Idol ပြိုင်ပွဲမှာ မြန်မာပြည်သိန်းတန်ရဲ့ ငှက်ပျောသီးကျွေးမှုနဲ့ အတူ “Social Media” ပေါ်မှာ လူသိများလာတဲ့သူတစ်ဦးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *