September 27, 2024

၂၂.၉.၂၀၂၄
Written By Zun

အငှားယာဉ်မောင်းတစ်ဦး နှလုံးဖောက်ကာ ဆက်သွယ်ရေးတိုင်ကို ဝင်တိုက်မိ၍ သေဆုံးမှု ယနေ့ စက်တင် ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ကျော်အချိန်က ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာဝင်း အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရသည်။

အဆိုပါ Taxi ယာဉ်မောင်းမှာ အသက် ၆၂ နှစ်အရွယ် ရှိပြီး Heart Attack ဖြစ်ကာ လမ်းဘေး ဆက်သွယ်ရေးတိုင်ကိုဝင်တိုက်မိခဲ့ခြင်းကြောင့် ပွဲချင်းပြီးသေဆုံးသွားသည့်အတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့စခန်းထံ သတင်းပို့လာသောကြောင့်သေဆုံးသူ၏ ရုပ်အလောင်းကို မေဓာဝီဆေးရုံသို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြရကြောင်း သိရသည်။

၎င်း Probox Taxi မှာ ဇေကမ္ဘာဝင်းအတွင်းရှိ ရန်ကုန်စက်မှုဇုန်(၁)၊ R(2)လမ်းအတိုင်း မောင်းနှင်လာစဉ် R(5) လမ်းနှင့် R(6) ကြားအရောက် ရုတ်တရက် Heart Attack ဖြစ်ပွားခဲ့ကြောင်း၊ ယင်း အငှားယာဉ်ပေါ်တွင် ခရီးသည် နှစ်ဦးလိုက်ပါလာခဲ့ကြောင်း၊ အဆိုပါခရီးသည်များမှာ ထိခိုက်ဒဏ်ရာရ မရရှိခဲ့ကြကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက္ကံမြို့နယ်၊ (၁၂) ရပ်ကွက်နေ ဦးမောင်မောင်ဝင်းဆိုသူ ဖြစ်ကြောင်းသိရသည်။

“ကားကို မထိန်းနိုင်ဖြစ်သွားပြီးတော့ လမ်းဘေးကိုထိုးကျပြီး ဆက်သွယ်ရေးတိုင်ကို ဝင်တိုက်မိသွားတာပေါ့။ သူက နှလုံးရောဂါ ရှိတယ်တဲ့”ဟု လိုက်ပါကူညီခဲ့သည့် လူမှုကယ်ဆယ်ရေးလုပ်သူတစ်ဦးက MT News ကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *