September 27, 2024

၂၂.၉.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ၁၈ လမ်းရှိ ၆ ခန်းတွဲ ၅ ထပ်တိုက် အပေါ်ဆုံးရှိ ဘယ်ဘက်တိုက်ခန်းတွင် ယနေ့ စက်တင်ဘာ ၂၂ ရက် ည ၇ နာရီ ၂၂ မိနစ်ခန့်က ယာယီသွယ်တန်းထားသော ပလပ်ခုံဖြင့် Power Bank အားသွင်းထားရာက ပလပ်ခုံအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ဦးကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ၄ မိနစ်ခန့်သာ ကြာမြင့်ခဲ့သော မီးလောင်မှုတွင် Power Bank နှင့် လျှပ်စစ်ပစ္စည်းအနည်းငယ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ အသက် ၃၄ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် လသာ​မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *