September 27, 2024

၂၂.၉.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်ရဲ့ စက်တင်ဘာ ၂၂ ရက်မှာကျရောက်တဲ့ အသက် ၃၂ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အနေနဲ့ We Love အဖွဲ့တွေက လူ ၆၀၀ စာကို ဆန်လှူမှုအဖြစ် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ၈၆ ရပ်ကွက်မှာ လှူဒါန်းခဲ့ပါတယ်။

“စိုးပြည့်က မွေးနေ့ဆိုရင် နှစ်စဉ်အလှူနဲ့ပဲဖြတ်သန်းဖြစ်တယ်ပေါ့နော်။ နေရာတွေကိုတော့ တစ်နေရာနဲ့ တစ်နေရာမတူအောင်တော့ လှူဖြစ်တယ်။ စိုးပြည့်ရဲ့ အသက် ၃၂ နှစ်ပြည့်မွေးနေ့အလှုအနေနဲ့ လူ ၆၀၀ စာဆန်လှူဖြစ်တယ်။ အသက်က တစ်ရက်နဲ့တစ်ရက်ကြီးလာတာမို့ ကိုယ့်အသက်နဲ့ယှဉ်ပြီးတော့ အသိဉာဏ်မျိုးတွေတော့ ရပါတယ်။ စိုးပြည့် အလှူတွေကို တင်ဖြစ်တာ ရှိသလို မတင်ဖြစ်တာလည်းရှိပါတယ်။ ကာလဒါနအနေနဲ့ ကိုယ်တိုင်ကိုယ်ကျလှူခွင့်ရလို့ ပိုပီတိဖြစ်ရတယ်”လို့ အကယ်ဒမီ စိုးပြည့်သဇင်က ပြောပါတယ်။

သူမကတော့ သရုပ်ဆောင် အေးသီတာစီစဉ်မှုနဲ့အတူ လှူဒါန်းခဲ့တာဖြစ်ပြီးတော့ မွေးနေ့ကိတ်ကိုလည်း ခွဲခဲ့ပါတယ်။ စိုးပြည့်သဇင်က မွေးနေ့ရယ်မှမဟုတ်ဘဲ သွားလာရာလမ်းခရီးမှာလည်း ကြုံရင်ကြုံသလို ခက်ခဲနေသူ မိဘပြည်သူတွေကို လှူဒါန်းမှုတွေလုပ်ဆောင်လျှက်ရှိသူလည်း ဖြစ်ပါတယ်။

သူမရဲ့ မွေးနေ့အကြိုအမှတ်တရအနေနဲ့ Surprise ကိတ်၊ ပန်းစည်း ၊ မုန့် ၊ အရုပ်၊ သနပ်ခါးတုံး စတဲ့လက်ဆောင်တွေလည်း ချစ်ပရိသတ်တွေနဲ့ Fans တွေက ပို့ဆောင်ပေးကြတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *