September 26, 2024

၂၂ .၉ .၂၀၂၄
Written by Hey Mar

ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ကာ ယာဉ်မောင်း သေဆုံးခဲ့တဲ့ဖြစ်စဉ် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဗုဒ္ဓဂါယာလမ်းမှာ ဒီနေ့ စက်တင်ဘာ ၂၂ ရက်‌ နေ့လယ် ၂ နာရီဝန်းကျင်အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက‌နေ သိရပါတယ်။

ဖြစ်စဉ်က မိုင်တိုင်အမှတ် ၃ မိုင် ၇ ဖာလုံရှိ သပြေစမ်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ပြီး ဆီဘောက်ဆာယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်း‌တွေ ဆောင်ရွက်ခြင်းနဲ့ မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်း‌တွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်တိမ်းမှောက်ကြောင့် ယာဥ်မောင်း အမျိုးသားတစ်ဦး သေဆုံးပြီး ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ‌ကြောင့် သဗ္ဗသုခပရဟိတအသင်းမှ သူနာတင်ယာဉ်နဲ့ နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *