September 26, 2024

၂၂ .၉ .၂၀၂၄
Written by Hey Mar

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအတွင်းရှိ ညောင်ဦးမြို့နယ်က နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ဘုန်းကြီးကျောင်းဆောင် မီးလောင်ပျက်စီးခဲ့တဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၂၁ ရက် ည ၉ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ထံက‌နေ သိရပါတယ်။

ဖြစ်စဉ်က ညောင်ဦးမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ ငှက်ပစ်တောင်ရပ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ငှက်ကြီးခေါင်းချကျောင်းတိုက်အတွင်းရှိ ရေနံချေးဝနေတဲ့ ပေ ၈၀ ပေ ၆၀ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း ၂ ထပ်၊ ကျွန်းသားကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၅ ဦး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် နှစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး ၊ ‌‌ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၈ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် နှစ်စီး၊ အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတ အသင်းအဖွဲ့တွေက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အခင်းဖြစ်အရပ်ကို သတင်းရလျှင်ရခြင်း မိနစ်ပိုင်းအတွင်း ရောက်ရှိခဲ့ပေမယ့် နှစ်သက်တမ်း ၁၀၀ ကျော်ရှိ ရေနံဝနေတဲ့ သစ်သားကျောင်းဆောင်ကြီးဖြစ်တာကြောင့် မီးကူးစက်မှုနှုန်း မြန်ဆန်ကာ ကျောင်းဆောင် တစ်ဆောင်လုံး လောင်ကျွမ်း ပျက်စီးခဲ့ရပေမဲ့ လူနဲ့ တိရိစ္ဆာန်တော့ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *