September 25, 2024

၂၂.၉.၂၀၂၄
Written By Thandar

vivo က အသစ်ထွက်ရှိမယ့် V Series ထုတ်ကုန်အတွက် Ambassador အသစ်အနေနဲ့ အကယ်ဒမီ ခင်ဝင့်ဝါကို ခန့်အပ်ပွဲ အခမ်းအနားကို ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့လယ်ပိုင်းက ရန်ကုန်မြို့ Wyndham Grand Yangon Hotel မှာ ကျင်းပခဲ့ပါတယ်။

“vivo နဲ့ လက်တွဲခွင့်ရလို့ မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်လေးဆိုလည်း မမှားပါဘူး။ ထူးခြားတဲ့ ဖုန်းဒီဇိုင်းနဲ့ အဆင့်မြင့်နည်းပညာတွေပေါင်းစပ်ထားတဲ့ vivo Brand ရဲ့ ကိုယ်စားပြုသူအနေနဲ့ ရွေးချယ်ခံရတဲ့အတွက် အရမ်းကိုဂုဏ်ယူမိပါတယ်။ Ambassador တစ်ယောက်အနေနဲ့ vivo V Series ရဲ့မိသားစုအနေနဲ့ နွေးနွေးထွေးထွေးပါဝင်ခွင့်ပေးလို့လည်း အရမ်းဝမ်းသာမိပါတယ်။ ဝင့်ဝါရဲ့ vivo ရဲ့ Relation ကို သတင်း‌တွေ စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး vivo သုံးစွဲသူတွေရဲ့လက်ထဲကို ချိတ်ဆက်ပေးလို့ မီဒီယာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အလင်းရောင်‌ပြော သလိုပဲ အကောင်းဆုံးပေါင်းကူးတံတားအနေနဲ့ အကောင်းဆုံး သံတမန်အနေနဲ့ တည်ရှိနေပေးမှာပါ။ vivo V Series ရဲ့မကြာခင်မှာထွက်ရှိမယ့် Product ဖြစ်တဲ့ V40 ကစပြီး အလင်းရောင်နဲ့ ဝင့်ဝါတို့ သူငယ်ချင်းနှစ်ယောက်က Ambassador တာဝန်ကို အတူတူထမ်းဆောင်ကြရတော့မှာဖြစ်ပါတယ်”လို့ V Series Ambassador ခင်ဝင့်ဝါက ပြောပါတယ်။

အဆိုပါ အခမ်းအနားကိုတော့ vivo series ရဲ့ Brand Ambassador တွေဖြစ်တဲ့ အလင်းရောင်၊ ခင်ဝင့်ဝါ တို့နဲ့ vivo Myanmar ဘက်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး vivo series နဲ့ ပတ်သက်တာတွေ ရှင်းလင်းပြောခဲ့ကာ အမှတ်တရပန်းစည်းလက်ဆောင်တွေ ပေးအပ်ခဲ့ကြပါတယ်။

“ကျွန်တော်ကတော့ vivo V30 Series Ambassador အနေနဲ့ စတင်တာဝန်ယူဆောင်ရွက်ခဲ့ပြီး မကြာခင်အသစ် ထွက်ရှိတော့မယ် V Series အသစ်မှာလည်း သူငယ်ချင်းဝင့်ဝါနဲ့ အတူတူ Ambassador အနေနဲ့ အများကြီးကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ vivo ရဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေသွားဖို့ဆိုတာ တကယ့်ကို တာဝန်လည်းကြီးပါတယ်” လို့ သရုပ်ဆောင် အလင်းရောင်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *