၂၂ .၉ .၂၀၂၄
Written by MMAK
◾ ဘရိုက်တန် Vs နော်တင်ဟန်ဖောရက်
ဒီရာသီမှာ နှစ်သင်းလုံး ခြေစွမ်းကောင်းနေတာကြောင့် ရလဒ်တွေပါ ကောင်းနေကြပြီး ရှုံးပွဲမရှိကြသေးပါဘူး။ ပြီးခဲ့တဲ့အပတ်မှာ လီဗာပူးလိုအသင်းကို အဝေးကွင်းကနေ အနိုင်ရအောင်ကန်သွားနိုင်တဲ့ ဖောက်ရက်အသင်းရဲ့ ခြေစွမ်းကတော့ အသိအမှတ်ပြုရလောက် ကောင်းခဲ့ပါတယ်။ ဖောရက်အသင်းကံကောင်းလို့ နိုင်ခဲ့တာမျိုးမဟုတ်ဘဲ နည်းပြနူနိုဆန်းတို့စ်ရဲ့ ပြိုင်ဘက်အသင်းပေါ်မှာ ဘယ်လိုကစားရမလဲဆိုတဲ့ အကဲဖြတ်နိုင်မှု ကစားသမားတွေရဲ့ အင်တိုက် အားတိုက် ကြိုးစားကစားမှုတွေက ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ သူတို့ယှဥ်မကစားနိုင်တဲ့ အသင်းတွေဆို ဘောလုံးပေးထားပြီး ခံစစ်တည်ငြိမ်အောင် ကစားကာ တန်ပြန်တိုက်စစ်ကို လျှင်လျှင်မြန်မြန် ကစားတတ်ပါတယ်။ ဒီလိုကစားကွက်မျိုးကို ကောင်းကောင်းမွန်မွန် တည်ဆောက်နိုင်ရင် အသင်းကြီးတွေတောင် အဲဒီလိုအသင်းမျိုးကို ကြောက်ရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘရိုက်တန်အသင်းက တစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားဖြစ်ပါတယ်။ သရေကျသွားနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်သလို နော်တင်ဟန်ဖောရက်အသင်းရဲ့ ကစားပုံကို တော်တော်လေးကြိုက်နေတာကြောင့် သရေကျရင် ကြေးအပြည့်ရမဲ့ ဖောရက်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ မန်စီးတီး Vs အာဆင်နယ်
ရာသီအစ ရှိသေးတယ်ဆိုပေမဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် အဓိကအားပြိုင်မဲ့ သုံးသင်းလောက်သာ တွေ့ထားပြီး အာဆင်နယ်အပြင် လီဗာပူးအသင်းနဲ့ အခုထိပ်တိုက်တွေ့နေတဲ့ မန်စီးတီးအသင်းတို့ ဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ အဓိကကွင်းလယ်လူ ဒီဘရိုင်းနဲ့ အာဆင်နယ်အသင်းမှာ အဓိကကွင်းလယ်လူ အိုဒီဂတ်တို့ မပါနိုင်တာဟာ သွင်းဂိုးတွေ ဖန်တီးနိုင်ဖို့ အားလျော့နေမယ် ထင်ပါတယ်။ ဒီရာသီမှာ အာဆင်နယ်အသင်း ပြိုင်ပွဲစုံ ငါးပွဲကစားထားရာမှာ ခံစစ်က တစ်ဂိုးသာ ပေးထားရသလို ပေးခဲ့ရတဲ့ တစ်ဂိုးကလည်း ကစားသမား တစ်ယောက်လျော့အနေအထားနဲ့ ကစားခဲ့ရလို့ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကလည်း ခံစစ်ကောင်းတဲ့ အသင်းဖြစ်ပြီး ဒီနှစ်သင်းထိပ်တိုက်တွေ့ခဲ့တဲ့ နောက်ဆုံး သုံးပွဲလုံး ဂိုးအောက်ထားပါတယ်။ ဒီပွဲမှာ အိမ်ရှင်မန်စီးတီးအသင်းက တစ်လုံးခုနစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခုနစ်ဆယ် အရှုံး ဖြစ်ပါတယ်။ ဂိုးပေါင်းကြေး သိသိသာသာ လျော့ကျနေတာကို တွေ့ရမှာ ဖြစ်ပြီး ခံစစ်ကောင်းတဲ့ အသင်းတွေ ဖြစ်တာကြောင့် ဂိုးတွေအများကြီး မြင်ရမယ် မထင်ပါဘူး။ မန်စီးတီးနိုင်ခဲ့ရင် တစ်ဂိုးအသာလောက်ကပ်နိုင်သွားပြီး မနိုင်ခဲ့ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်သလို ဂိုးမရှိသရေပွဲတောင် ဖြစ်သွားနိုင်ပါတယ်။ ခြေရည်တူအသင်းကြီး အချင်းချင်း ထိန်းကစားလာနိုင်တာကြောင့် ဂိုးအောက်ကြိုက်ပါတယ်။
◾ စိန့်ပေါ်လီ Vs လိုက်ဇစ်
ကြားရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရသလို ဒီရာသီမှာ လိုက်ဇစ်အသင်းရဲ့ ခြေစွမ်းက တည်ငြိမ်မှုမရသေးဘူးလို့ ထင်ပါတယ်။ အိမ်ရှင်စိန့်ပေါ်လီအသင်းက အခုနှစ်မှ တန်းတက်လာပြီး သုံးပွဲကစားထားရာမှာ သုံးပွဲလုံးရှုံးထားသလို ရဂိုးတစ်ဂိုးနဲ့ ပေးဂိုးခြောက်ဂိုး ပေးထားရပါတယ်။ အမှတ်ပေးဇယားအောက်ဆုံးက အသင်းကို တစ်ဂိုးသွင်းတာနဲ့ ပြားလေးဆယ်စားရမယ်ဆိုတဲ့ လိုက်ဇစ်အသင်းရဲ့ ဘော်ဒီကြေးက မဖြစ်သင့်ပါဘူး။ တစ်လုံးကို ပြားသုံးဆယ်အရှုံးလောက် မပေးနိုင်ရင်တောင် တစ်လုံးသရေလောက်တော့ ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီပေါက်ကြေးအရ အဝေးကွင်းလိုက်ဇစ်အသင်း နိုင်ရင်တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပြီး သရေကျတာမျိုး ရှုံးသွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ သုံးပွဲလုံးရှုံးထားပြီး ကြေးကျနေတဲ့ အိမ်ရှင်စိန့်ပေါ်လီအသင်း ကြိုးစားရုန်းကန်လာနိုင်တာကြောင့် စိန့်ပေါ်လီအသင်းကို ကြိုက်ပါတယ်။ ပြားလေးဆယ်ရင်းပြီး အောက်ကြေးစိန့်ပေါ်လီအသင်းကို ရွေးချယ်ရမှာပါ။
◾ အင်တာမီလန် Vs အေစီမီလန်
ဘောလုံးကွင်းတစ်ခုတည်းကို နှစ်သင်းလုံးအသုံးပြုနေတဲ့ အီတလီနိုင်ငံ မီလန်မြို့က ဒါဘီပြိုင်ဘက်နှစ်သင်း ဖြစ်ပါတယ်။ ဒီရာသီမှာ အေစီမီလန်အသင်းရဲ့ ခြေစွမ်းက သိပ်မဆိုးပေမဲ့ ခံစစ်က တော်တော်လေး ညံ့တာကို တွေ့ရပါတယ်။ အင်တာမီလန်အသင်းကတော့ တိုက်စစ်ရော ခံစစ်ရော ကောင်းနေပြီး အေစီမီလန်အသင်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံးခြောက်ပွဲလုံး အနိုင်ရထားပါတယ်။ ဒီပွဲမှာ အင်တာမီလန်အသင်းက တစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ အင်တာမီလန်အသင်းက ပိုကောင်းတယ်လို့ ယူဆထားပြီး ဒီနှစ်သင်းတွေ့တိုင်း အရှုံးအနိုင်ပေါ်အောင် ကစားကြတာကြောင့် နိုင်မယ်ဆိုရင် အင်တာမီလန်အသင်းက နိုင်မှာပါ။ အဓိကအချက်ကတော့ အေစီမီလန်အသင်းရဲ့ ခံစစ်ကို လုံးဝမကြိုက်ဘဲ ဂိုးပေးရနိုင်တာကြောင့် အင်တာမီလန်အသင်း အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ နိုင်သွားနိုင်လို့ အင်တာမီလန်အသင်းကို ကြိုက်ပါတယ်။
◾ ဗီလာရီးရဲ Vs ဘာစီလိုနာ
ဗီလာရီးရဲအသင်းရော ဘာစီလိုနာအသင်းရော ခြေစွမ်းကောင်းနေကြပြီး တိုက်စစ်ကလည်း ဂိုးသွင်းကောင်းနေတာကို တွေ့ရပါတယ်။ ဘာစီလိုနာအသင်းက ငါးပွဲလုံးနိုင်ထားပြီး အရမ်းကောင်းနေတယ်ဆိုပေမဲ့ အိမ်ရှင်ဗီလာရီးရဲအသင်းက လုံးဝကြောက်နေမှာ မဟုတ်ဘဲ ဘာစီလိုနာအသင်းကပဲ တကယ်ကောင်းသလား သူတို့အသင်းကပဲ တကယ်ကောင်းလားဆိုတာ အကောင်းဆုံးသက်သေပြဖို့ ကြိုးစားကစားမဲ့ပွဲ ဖြစ်ပါတယ်။ စပိန်လာလီဂါဆိုတာ ဂိုးအောက်အများဆုံးကစားတတ်တဲ့ လိဂ်ဖြစ်ပေမဲ့ ဗီလာရီးရဲအသင်းကတော့ တိုက်စစ်အားသန်အသင်းဖြစ်ပါတယ်။ မနှစ်ကရာသီတွေ့ဆုံမှုမှာ ဘာစီလိုနာကွင်းမှာ ဗီလာရီးရဲအသင်းက ငါးဂိုးသုံးဂိုးနဲ့ နိုင်ခဲ့ပြီး ဗီလာရီးရဲကွင်းမှာ ဘာစီလိုနာအသင်းက လေးဂိုးသုံးဂိုးနဲ့ ပြန်နိုင်သွားပါတယ်။ ဒီရာသီမှာဆိုရင်လည်း နှစ်သင်းလုံးရဲ့တိုက်စစ်က ရှယ်ကြမ်းနေပြီး တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုးစီ သွင်းထားကြပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးခုနစ်ဆယ်အရှုံးဆိုတဲ့ပေါက်ကြေးအရ နှစ်သင်းလုံး ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားမယ်လို့ ယူဆတာကြောင့် ဂိုးပေါ် တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ ရိုးမား Vs ယူဒီးနီး
စီးရီးအေ လေးပွဲကစားထားပြီးချိန်မှာ သုံးပွဲသရေ တစ်ပွဲရှုံးပြီး ရလဒ်မကောင်းခဲ့တဲ့အတွက် နည်းပြ ဒီရော့စီကို ရိုးမားအသင်းက ထုတ်ပယ်လိုက်ပါတယ်။ အရင်ရာသီက တိုရီနိုအသင်းကို နည်းပြလုပ်ခဲ့ပြီး စီးရီးအေမှာ ကျင်လည်ခဲ့တဲ့ နည်းပြ အိုင်ဗန်ဂျရစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာ တွေ့ရပါတယ်။ တစ်ဖက်က ယူဒီးနီးအသင်းက ခြေစွမ်းကောင်းနေတဲ့အသင်း ဖြစ်ပြီး နောက်ဆုံးသုံးပွဲဆက် အနိုင်ရထားသလို ပွဲတိုင်းဂိုးသွင်းထားနိုင်တာကို တွေ့ရပါတယ်။ ဒီပွဲမှာ ရိုးမားအသင်းက တစ်လုံးလေးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံး ဖြစ်ပါတယ်။ နည်းပြအသစ်နဲ့ ရိုးမားအသင်း အိမ်ကွင်းမှာ အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးမျိုးဖြစ်ပြီး ဒိုဘော့ ၊ ဒိုင်ဘာလားနဲ့ အယ်ရှာရာဝီတို့ရဲ့ တိုက်စစ်က ဂိုးရအောင် သွင်းနိုင်မယ်ထင်ပါတယ်။ ယူဒီးနီးအသင်းကလည်း ခြေစွမ်းကောင်းနေပြီး ပွဲတိုင်းဂိုးသွင်းထားနိုင်သလို သာယူဗင်နဲ့လူကာတို့ဦးဆောင်လာမဲ့တိုက်စစ်က တစ်ဂိုးလောက် ပြန်သွင်းနိုင်မယ်လို့ ထင်ပါတယ် ။ ရိုးမားဘော်ဒီထက် နှစ်သင်းလုံးဂိုးရသွားနိုင်ပြီး တစ်ဖက်တစ်ဂိုးစီလောက်ကနေ အနိမ့်ဆုံးစကြည့်ရမယ်ထင်တာကြောင့် ဂိုးပေါ်ရွေးချယ်မှုက စိတ်အချရဆုံး ဖြစ်ပါတယ်။