September 22, 2024

၂၂.၉.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့နယ်၊ လယ်ဝေးလမ်းဟောင်း၊ ကံဦးကွေ့အနီး လမ်းမပေါ််တွင် ခွေးကိုရှောင်သည့် Honda Fit ယာဥ်တစ်စီးမှာ အရှိန်လွန်ပြီး လမ်းဘေးသစ်ပင်အား ဝင်တိုက်မိရာက လူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့စက်တင်ဘာ ၂၂ ရက် နံနက် ၄ နာရီ ၃၃ မိနစ်အချိန်တွင် ယာဥ်တိုက်မှုဖြစ်ပွားပြီး ယာဥ်ထဲ၌ လူညပ်နေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ ပျဥ်းမနားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဥ် ၁ စီး၊ ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့မှအထောက်အကူပြုယာဥ် ၁ စီးတို့ ထွက်ခွာပြီး ယာဥ်နောက်ခန်းတွင် ညပ်နေသည့်အမျိုးသားကို ဟိုက်ဒရောလစ်ပစ္စည်းများသုံး၍ ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

“ခွေးကိုရှောင်ရင်းနဲ့ လမ်းဘေးကကုက္ကိုပင်ကို ကားနဲ့တိုက်ပြီးတော့ ကားက အဲ့ဒီနားက ဆိုင်ဘက်ကို ရောက်သွားတာ။ ဆိုင်ရဲ့သံတံခါးတော့ နည်းနည်းထိသွားတယ်။ အရှေ့မှာထိုင်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတော့ ဒဏ်ရာအနည်းငယ်ရတယ်။ နောက်မှာထိုင်တဲ့အမျိုးသားက ကားထဲမှာညပ်နေတာ။ သူက ဒဏ်ရာပြင်းတယ်” ဟု ပျဥ်းမနားမြို့အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ဒဏ်ရာရရှိသူ ၃ ဦးကို ဒေသခံလူမူကူညီရေးအသင်းမှ ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ (Photo – Ko Hein)

Leave a Reply

Your email address will not be published. Required fields are marked *