၂၂.၉.၂၀၂၄
Written by TZ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ အမှတ် ( ၁၂) ရပ်ကွက်၊ ဒုတိယလမ်းရှိ Paradiso ရုပ်ရှင်ရုံ မီးလောင်မှုဖြစ်ပွား၍ ကျပ် သိန်း ၅၀ ကျော်ဆုံးရှုံးခဲ့ကြောင်း ဖျာပုံမြို့ရှိ မီးသတ်စခန်းမှ သိရသည်။
ယင်းဖြစ်စဥ်မှာ ယမန်နေ့ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီ ၅၅ မိနစ်အချိန်တွင် Paradiso ရုပ်ရှင်ရုံရှိ CCTV ကြိုးမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား၍ ထိုဖြစ်စဥ်နေရာသို့ ဖျာပုံမြို့နယ်မီးသတ်စခန်း၊ ဘိုကလေးမြို့နယ်မီးသတ်စခန်း၊ ဒေးဒရဲမြို့နယ်မီးသတ်စခန်း၊ ကျိုက်လတ်မြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
“CCTV ကြိုးက အပူလွန်ကဲပြီးလောင်သွားတာ။ ဆုံးရှူံးမူတန်ဖိုးကတော့ ငါးဆယ့်သုံးသိန်းရှစ်သောင်း ဆုံးရှူံးသွားတယ်။ ရုပ်ရှင်ကြည့်ပြီးတဲ့အချိန်မှာ မီးလောင်တော့ လူတွေဘာမှမဖြစ်ဘူး” ဟု ဖျာပုံမြို့မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
အဆိုပါ မီးပေါ့ဆမူကြောင့် ပိုင်ရှင်ဖြစ်သူကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒေးဒရဲမြို့ရှိရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
Photo – Credit