September 21, 2024

၂၁. ၉. ၂၀၂၄
Written by Nay Moe

ရန်ကုန်မြို့တွင် ဆန္ဒပြလှုပ်ရှားမှုဦးဆောင်သူလေးဦး ဖမ်းဆီးခံထားရသည်ဟု တကသကျောင်းသားဟောင်းများ အင်အားစုက ယခုညထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် ဆန္ဒပြ လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ဆောင်ရွက်လျက်ရှိပြီးနောက် လုံခြုံရေးတပ်ဖွဲ့၏ တန်ပြန်စစ်ဆေးဖမ်းဆီးမှုများအတွင်း တကသကျောင်းသားဟောင်းများ အင်အားစုနှင့် မဟာမိတ်အဖွဲ့အစည်းများမှ PDF ၄ ဦး၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့မှစ၍ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်‌သွားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ပျောက်ဆုံးနေသည့် ဆန္ဒပြလှုပ်ရှားမှုဦးဆောင်သူလေးဦးမှာ (၁) တကသကျောင်းသားဟောင်းများအင်အားစု တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ (၂) လူငယ်သပိတ်ကော်မတီ (YSC)၏ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ (၃) လူငယ်သပိတ်ကော်မတီ (YSC)၏ အဖွဲ့ဝင် မမြမဉ္စူ နှင့် (၄) နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ လေးဦးဖြစ်ပြီး ဖမ်းဆီးခြင်းခံထားရကြောင်း တကသကျောင်းသားဟောင်းများ အင်အားစုက အတည်ပြုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက် ညဘက်က ရန်ကုန် PDF များဦးဆောင်ကာ ကုန်စျေးနှုန်း ကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလို မရှိကြောင်း ကြွေးကြော်၍ လူငယ် ၁၅ ဦးခန့်နှင့် လူထုသပိတ်ပြုလုပ်ခဲ့သေးပြီး အဆိုပါဆန္ဒပြမှုအပြီးတွင် ကိုဇော်လင်းထွဋ်၊ ကိုအောင်မင်းခိုင်၊ မမြမဉ္ဇူ၊ မနှင်းအိခိုင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုလည်း သိရသည်။

ပုံစာ။ စက်တင်ဘာ ၁၉ ရက်က ရန်ကုန်တွင် ဆန္ဒပြနေသူလူတစ်စုနှင့် ဖမ်းဆီးခံရသည်ဆိုသူလေးဦးမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *