September 21, 2024

၂၁.၉.၂၀၂၄
Written By Thandar

Lucky 10 ထုတ်လုပ်ရေးက ဟာသ Suspense Horror ဇာတ်လမ်းပုံစံ “ဂန္တဝင်ငတိုး ”ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးပွဲကို ယနေ့ စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။

“အဓိကတော့ ဒီဇာတ်ကားက ၉၀ညရာခိုင်နှုန်းကတော့ ဟာသဇာတ်လေးပါ။ ဒီအပေါ်မှာမှ အချစ်ရယ် Suspense ရယ် Horror ပါးပါးလေးလည်း ဟာသလည်းပါပါတယ်။ ဂန္တဝင်ဆိုပေမယ့် ကိုယ့်ဖြစ်တဲ့အရာတွေကို ကြိုးစားဖန်တီးသူပေါ့။ ထက်ကတော့ ဒီဇာတ်ကားမှာ ရွာသူလေးပါ။ ကိုနေတိုးနဲ့ ကြိုက်နေကြတဲ့ ဇာတ်လေးပါ။ ကျေးလက်ရွာ ဇာတ်လမ်းမျိုးလေးပါ။ ဒီဇာတ်ကားမှာ ဟာသဆန်ဆန်လေးတွေပါတာမို့ ဝါရင့်ဟာသလူရွှင် တော်တွေ ပါဝင်ထားပါတယ်။ ထက်ရဲ့ ကာရိုက်တာကတော့ ရိုးရိုးလေးပါပဲ။ အကိုနဲ့ကတော့ ထက်က ရိုက် ကူးရေး ပထမဦးဆုံး စဆုံတဲ့ဇာတ်လေးပါ။ အနုပညာလုပ်သက် ငယ်ငယ်လေးကတည်းက အကို့ကို အားပေးခဲ့ရတာပါ”လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဓနုတ်ကိုကိုဇော်၊ ဇာတ်ညွှန်းရာဇဝင်ကို၊ ဒါရိုက်တာ စိုးမိုးမင်းက ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး၊ စည်ဖြိုး၊ ဟိန်းသီဟ၊ ထက်ထက်ထွန်း၊ ခြူးစစ်ဟန်၊ ဘုန်းလျှံ၊ ဇော်ဝင်းနိုင်၊ အရိုင်း၊ နေလင်း၊ စူပါလင်း၊ သွက်လက်၊ ဝိုင်းဝိုင်းလည်၊ ဂျက်လီ၊ အကယ်ဒမီ ဂွမ်းပုံလေး၊ အကယ်ဒမီ ဝါဝါအောင်၊ မျိုးမျိုးခိုင်နဲ့ သရုပ်ဆောင်များစွာ ပါဝင်မှာပါ။

“ဂန္တဝင်ငတိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဇာတ်ဝင်တေးသီချင်းကိုတော့ သျှန်ထွန်း (မြန်မာစာ) က ရေးသားဖန်တီးထားတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *