September 21, 2024

၂၁. ၉. ၂၀၂၄
Written by Nay Moe

အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ သေဆုံးစေခဲ့သည့် တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်မှုအား NUG ဩဇာခံ ရန်ကုန်စစ်ဒေသခွဲ – PRF အဖွဲ့၏ Annonymous Force အဖွဲ့က ကျူးလွန်ခဲ့သည်ဟု ယနေ့တွင် ဝန်ခံချက် ထုတ်ပြန်ထားသည်။

အုပ်ချုပ်ရေးတာဝန်ရှိသူနှစ်ဦးသေဆုံးသည့်အပြင် ရပ်ကွက်ရုံးစာရေးပါ ဒဏ်ရာရခဲ့သော ကျုးလွန်မှုဖြစ်စဉ်ကို စက်တင်ဘာ ၂၀ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး တောင်ဒဂုံမြိုနယ် (၁၀၇) ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ရာအိမ်မှူး ဦးဆွေမြင့်အောင် သေဆုံးခဲ့ပြီး ရုံးအကူ ဦးမျိုးမြင့်ထွန်း (ခ) သားကြီးမှာ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို “Cheetah Operation” များထဲမှ တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်နက်မဲ့အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်ခြင်းဖြစ်သဖြင့် PDF များ ထိခိုက်မှုမရှိဟုလည်း NUG ဩဇာခံ ရန်ကုန်စစ်ဒေသခွဲ – PRF အဖွဲ့၏ ဝန်ခံချက်တွင် ဖော်ပြထားသည်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *