September 21, 2024

၂၁ .၉ .၂၀၂၄
Written by MMAK

◾ဝက်စ်ဟမ်း Vs ချဲလ်ဆီး

စနေညမှာ အစောဆုံးကစားမဲ့ လန်ဒန်ဒါဘီပွဲစဥ် ဖြစ်ပါတယ်။ လိုပယ်တီဂူရဲ့ ဝက်စ်ဟမ်းအသင်း ရာသီမစခင်မှာ ပြင်ဆင်မှုတွေ ကောင်းကောင်းလုပ်ထားခဲ့ပေမဲ့ ရလဒ်တွေ သိပ်မကောင်းဘဲ ခြေစွမ်းကလည်း သာမာန်အဆင့်ပဲ ရှိပါတယ်။ တစ်ဖက်က ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းကလည်း ယုံကြည့်လို့ရတဲ့ အနေအထားမျိုးမဟုတ်ပေမဲ့ ဝက်စ်ဟမ်းအသင်းထက်တော့ သာပါတယ်။ ဒီပွဲကို လက်ရှိခြေစွမ်းထက် ပေါက်ကြေးကိုကြည့်ပြီး ရွေးချယ်ရမယ်လို့ ထင်ပါတယ်။ အဝေးကွင်း ချဲလ်ဆီးအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးထက် ဂိုးပေါင်းကြေး မြင့်မားနေတာ တွေ့ရတဲ့အတွက် နှစ်ဖက်သွင်းဂိုးတွေမြင်ရနိုင်ပြီး အနိုင်အရှုံးပေါ်အောင် ကန်ကြမယ်လို့ ထင်ပါတယ်။ ဝက်စ်ဟမ်းအသင်းရော ချဲလ်ဆီးအသင်းရော နောက်ဆုံးသုံးပွဲမှာ တစ်ဂိုးစီပဲ သွင်းထားနိုင်ပြီး နှစ်ဂိုးသွင်းနိုင်တဲ့ပွဲ မရှိပါဘူး။ နှစ်သင်းလုံးက ဂိုးသွင်းအရမ်းကောင်းနေတဲ့ အနေအထားမျိုးမတွေ့ရတာတောင် ဂိုးပေါင်းကြေးက သုံးလုံးသုံးဆယ်အရှုံးဆိုတာ သေချာပေါက် သွင်းဂိုးတွေမြင်ရလိမ့်မယ်ဆိုတဲ့ ပေါက်ကြေး ဖြစ်ပါတယ်။ လန်ဒန်ဒါဘီမှာ တိုက်စစ်ဖွင့်ကစားပြီး အရှုံးအနိုင်ပေါ်အောင် ကန်ကြမယ်လို့ ယူဆထားတဲ့အတွက် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးပါတယ်။

◾ အက်စတွန်ဗီလာ Vs ဝုဗ်

ပရီးမီးယားလိဂ်မှာ ရလဒ်တွေကောင်းနေပြီး ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အဝေးကွင်းကနေ သုံးဂိုးပြတ်နိုင်လာတဲ့ ဗီလာအသင်းကို ထိုးသားတွေ အာရုံစိုက်နေပါတယ်။ နောက်ဆုံးသုံးပွဲဆက် စုံပေါ်အောင်ထားသလို နောက်ကန်ရမဲ့နှစ်ပွဲကို ကြိုကြည့်မယ်ဆိုရင် လိဂ်ဖလားပွဲမှာ အောက်တန်းလိဂ်ကအသင်းနဲ့ အစ်ဆွစ်ချ်အသင်းကို ကြေးဆက်အောင်နိုင်တာကြောင့် ဒီပွဲသာကြေးဆက်အောင်ရင် ခုနစ်ပွဲဆက် ကြေးအောင်သွားမှာ ဖြစ်ပါတယ်။ ဝုဗ်အသင်းကို ကြည့်မယ်ဆိုရင် ထိုးသားတွေ ဘယ်လိုမှ အထင်မကြီးတဲ့ အခြေအနေဖြစ်ပြီး ပေါက်ကြေးကလည်း ဗီလာအသင်းက တစ်လုံးသရေပေးထားတာကြောင့် အိမ်ရှင်ဗီလာအသင်း အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ နိုင်မယ်လို့ ထင်နေကြပါတယ်။ ဘာစီလိုနာအသင်းတောင် ကြေးတွေဆက်အောင်နေပြီး ထိုးသားတွေ အထင်ကြီးနေချိန်မှာ မိုနာကိုအသင်းကို ရှုံးသွားခဲ့တာကြောင့် ဗီလာအသင်းကရော ဘာအသင်းမို့လို့လဲ မေးရမလိုဖြစ်နေပြီး ကြေးပြန်ကျချိန် တန်နေပြီလို့ ထင်ပါတယ်။ အက်စတွန်ဗီလာအသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပြီး နှစ်ဂိုးပြတ်မယ်မထင်ပါဘူး။ ဗီလာအသင်း ကြေးကျချိန်တန်နေပြီလို့ ယူဆထားတဲ့အတွက် အောက်ကြေးဝုဗ်အသင်းကို ကြိုက်ပါတယ်။

◾လီဗာပူး Vs ဘုန်းမောက်

ပြီးခဲ့တဲ့အပတ် အိမ်ကွင်းပွဲမှာ နော်တင်ဟန်ဖောရက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးအသင်း အခုအိမ်ကွင်းပွဲမှာ ထပ်အမှားခံမယ်မထင်သလို အဓိကပြိုင်ဘက်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့နေတာကြောင့် ဒီပွဲက သေချာပေါက် သုံးမှတ်ယူရမဲ့ပွဲပါ။ ဒီပွဲမှာ လီဗာပူးအသင်းက နှစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ ဘော်ဒီကြေးက အမှန်အကန်တီးမဲ့ ပေါက်ကြေးမျိုး ဖြစ်ပေမဲ့ ဂိုးပေါင်းကြေးက နည်းနည်း လျော့နေပြီး လေးလုံးငါးဆယ်စားလောက်ထိ ပေးသင့်တာ ဖြစ်ပါတယ်။ ဘော်ဒီပေးစားပြီး ဂိုးပေါင်းကြေး ထိန်းသွားမလား တွေးစရာ ရှိပေမဲ့ ဘုန်းမောက်အသင်းက ညံ့လို့လားဆိုတော့လည်း ဘုန်းမောက်အသင်း လုံးဝမညံ့ပါဘူး။ လီဗာပူးအသင်းကို ဂိုးသွင်းသွားနိုင်သလို ဒုက္ခပေးနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ လီဗာပူးအသင်းက ဂိုးရသွားပြီဆိုတာနဲ့ ဘုန်းမောက်အသင်းကလည်း တိုက်စစ်လိုက်ကစားပြီး ဂိုးရအောင်သွင်းမယ်ဆိုတဲ့ အသင်းမျိုးပါ။ အလီဆွန်ဘက်ကာ မပါနိုင်တဲ့ လီဗာပူးအသင်းကို ဘုန်းမောက်အသင်းလည်း ဂိုးရသွားနိုင်တဲ့ အတွက် ဘုန်းမောက်ဘော်ဒီနဲ့ ဂိုးပေါ် ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။

◾ ဆောက်သမ်တန် Vs အက်ဆွစ်ချ်

နိုင်ပွဲလုံးဝမရသေးတဲ့ တန်းတက်နှစ်သင်း တွေ့ကြတဲ့ပွဲမှာ အရှုံးအနိုင်အဖြေပေါ်အောင် ကန်ကြမဲ့ပွဲပါ။ ဆောက်သမ်တန်အသင်းက လေးပွဲလုံး ရှုံးထားပြီး ရဂိုးတစ်ဂိုးသာ ရထားသလို အက်ဆွစ်ချ်အသင်းကလည်း လေးပွဲကစားပြီး နှစ်ဂိုးသာ သွင်းထားနိုင်ချိန်မှာ ဂိုးပေါင်းကြေးက သုံးလုံးခုနစ်ဆယ်စား ပေးထားပါတယ်။ ဘယ်နိုင်ငံက ဘယ်လိဂ်မှာ ဖြစ်ဖြစ် တန်းတက်အသင်းတွေ တွေ့ကြပြီဆိုရင် သူနိုင်ကိုယ်နိုင် တိုက်စစ်ဖွင့်ကစားပြီး ဂိုးပေါ်လေ့ရှိကြတာ အမြဲလိုလို တွေ့ရတတ်ပါတယ်။ အခုလိုမျိုး အိမ်ရှင်ဆောက်သမ်တန်အသင်းက တစ်မှတ်မှ မရထားချိန်နဲ့ အက်ဆွစ်ချ်အသင်းက နှစ်မှတ်သာ ရထားချိန်မှာ ပိုလို့တောင် အမှတ်လိုပါသေးတယ်။ နှစ်သင်းလုံး လေးပွဲစီကစားထားပြီလို့ နှစ်သင်းပေါင်း သုံးဂိုးပဲ ရထားချိန်မှာ အခုပွဲ ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စားဆိုတာ တိုက်စစ်ဖွင့်ကစားပြီး နှစ်သင်းလုံး ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးပါ။ အနိုင်သုံးမှတ်ရချင်တယ်ဆိုရင် ဂိုးသွင်းရပါလိမ့်မယ်။ ဂိုးရချင်တယ်ဆို တိုက်စစ်ဖွင့်ကစားကြပါလိမ့်မယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်မှာပါ။

◾ဖူဟမ် Vs နယူးကာဆယ်

နယူးကာဆယ်အသင်း ရလဒ်တွေ ကောင်းနေတာ မှန်ပေမဲ့ အဝေးကွင်းအားနည်းတဲ့အသင်းမျိုး ဖြစ်ပါတယ်။ ဝုဗ်နဲ့ အဝေးကွင်းပွဲမှာ တစ်ဂိုးပေးထားရပြီး နောက်ပိုင်းမိနစ်တွေမှ နှစ်ဂိုးပြန်ရသွားလို့ အနိုင်ရသွားခဲ့တာပါ။ ဝုဗ်အသင်းတောင် ဂိုးရတယ်ဆိုရင် ဝုဗ်အသင်းထက်ပိုသာတဲ့ အိမ်ရှင် ဖူဟမ်အသင်းဂိုးရနိုင်ပြီး ဖူဟမ်အသင်း ဂိုးအရင်ရသွားရင် နယူးကာဆယ်အသင်း အနိုင်ပြန်ကန်ဖို့ မလွယ်ပါဘူး။ ဒီပွဲမှာ အဝေးကွင်းနယူးကာဆယ်အသင်းက ပြားနှစ်ဆယ်ပေးထားပါတယ်။  နယူးကာဆယ်အသင်းက ကြေးလှန်ပေးထားတယ်ဆိုပေမဲ့ နိုင်သွားနိုင်တယ်လို့ မထင်ဘဲ ရလဒ်တွေကောင်းနေတာကြောင့်ရယ် နယူးကာဆယ်အသင်းကို အသင်းကြီးတစ်သင်းအဖြစ် သတ်မှတ်ထားတာကြောင့် ကြေးကြောပြန်ပေးထားတယ် ထင်ပါတယ်။ ဖူဟမ်ကွင်းမှာ နယူကာဆယ်အသင်းက လှန်နိုင်သွားမယ်လို့ မထင်ဘဲ အလွန်ဆုံးသရေလောက်ပဲ ရသွားနိုင်ပါတယ်။ နယူးကာဆယ်အသင်း ရှုံးတောင်ရှုံးသွားနိုင်တယ်လို့ ယူဆထားပြီး
သရေကျရင်တောင် ပြားနှစ်ဆယ်အနိုင်ရဦးမဲ့ အိမ်ရှင် ဖူဟမ်အသင်းကို ကြိုက်ပါတယ်။

◾ စပါး Vs ဘရန့်ဖို့

စပါးအသင်းက နောက်ဆုံးသုံးပွဲဆက် ကြေးကျထားပြီး ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် ရှုံးထားတာ ဖြစ်တဲ့အတွက် အမှတ်ရချိန်တန်နေပြီဖြစ်သလို ကြေးအောင်ချိန်လည်း တန်နေပါပြီ။ ဘရန့်ဖို့အသင်းက ခြေစွမ်းမဆိုးတာ မှန်ပေမဲ့ စပါးကွင်းမှာတော့ သိပ်မလွယ်ပါဘူး။ ဒီပွဲမှာ အိမ်ရှင်စပါးအသင်းက တစ်လုံးနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနစ်ဆယ် အရှုံးဖြစ်ပါတယ်။ ဘရန့်ဖို့အသင်းက ကောင်းကောင်းယှဥ်ကစားနိုင်တယ်ဆိုပေမဲ့ စပါးအသင်းက နိုင်ပွဲပြန်ရချိန်တန်နေတာကြောင့် အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ နိုင်သွားနိုင်ပါတယ်။ နောက်တစ်ချက်က ဘရန့်ဖို့အသင်းက ခြေစွမ်းကောင်းနေတာ ဖြစ်တဲ့အတွက် စပါးအသင်းကြေးအောင်ပါ့မလားလို့ ထိုးသားတွေ စိုးရိမ်ချင်စရာ ဖြစ်နေတာကြောင့် စပါးအသင်း ကြေးအောင်သွားနိုင်ပါတယ်။ တစ်ဂိုးသွင်းရင် ပြားနှစ်ဆယ်ရှုံးမှာ ဖြစ်ပေမဲ့ အနိမ့်ဆုံးတစ်ဂိုးအသာနိုင်သွားနိုင်တဲ့အတွက် ပြားနှစ်ဆယ်ရင်းပြီး စပါးအသင်းကို ရွေးချယ်သင့်ပါတယ်။

◾ ခရစ္စတယ်ပဲလေ့စ် Vs မန်ယူ

နောက်ဆုံးနှစ်ပွဲမှာ ဆောက်သမ်တန်အသင်းကို အဝေးကွင်းကနေ သုံးဂိုးပြတ်နိုင်ခဲ့သလို အိမ်ကွင်းမှာ ဘန်စလေအသင်းကို ခုနှစ်ဂိုးပြတ်နိုင်ထားတဲ့ မန်ယူအသင်းရဲ့ဘော်ဒီပေါက်ကြေး ပြားသုံးဆယ်အရှုံးဆိုတာ တော်တော်ပျော့ပါတယ်။ နောက်တစ်ချက်က ပဲလေ့စ်အသင်းအရမ်းကောင်းနေတာမျိုး မဟုတ်ဘဲ အိမ်ကွင်းဖြစ်နေတာပဲ ရှိပါတယ်။ သို့ပေမဲ့ မန်ယူအသင်းက လူကြိုက်များတဲ့အသင်း ဖြစ်တာကြောင့် ကြေးချထားပြီး ကြေးပါးပါးလေးနဲ့ ကြေးအောင်တတ်တဲ့အသင်း ဖြစ်ပါတယ်။ ဘော်ဒီကြေး ပြားသုံးဆယ်ပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံး ငါးဆယ်စား ပေးထားတာကြောင့် ဂိုးပေါင်းကြေးကို ရွေးချယ်ပေးပါမယ်။ ပဲလေ့စ်အသင်းက အိမ်ကွင်းမှာ ဂိုးသွင်းနိုင်စွမ်းရှိသလို နောက်ဆုံးနှစ်ပွဲမှာ ဆယ်ဂိုးထိ သွင်းထားတဲ့ မန်ယူအသင်းလည်း ဂိုးသွင်းနိုင်ပါတယ်။ နှစ်သင်းလုံး ဂိုးရနိုင်တာ ဖြစ်တဲ့အတွက် မန်ယူဘော်ဒီထက် ဂိုးပေါ်ရွေးချယ်သင့်ပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက် မြင်ရနိုင်သလို သုံးဂိုးဆိုရင် ပြားငါးဆယ်အနိုင်ရမှာ ဖြစ်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *