September 21, 2024

၂၁.၉.၂၀၂၄
Written By Thandar

လက်ရှိ မြန်မာနိုင်ငံတဝှမ်း ‌ရေဘေးသင့်ပြည်သူတွေအတွက် ကျပ် သိန်း ၃၀၀ တန်ဖိုးရှိတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းတွေကို နာရေးကူညီမှုအသင်း – ရန်ကုန်ထံ ယနေ့ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက Vivo Mobile Myanmar နဲ့အတူ အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင်အလင်းရောင်၊ အဆိုတော် ထက်ယံ၊ Alice Ong၊ ဆုလှိုင်တို့က အားဖြည့်ပါဝင်လှူဒါန်းခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံအရပ်ရပ်ရှိ ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။ ရေဘေးသင့်ဒေသအသီးသီးက ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်နေတဲ့ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေကို ရွေးချယ်လှူဒါန်းပြီး နောက်ထပ်လည်း လိုအပ်နေတဲ့နေရာတွေကို ဆက်လက်ကူညီ ဖြည့်ဆည်းနိုင်အောင် ကြိုးစားသွားပါမယ်”လို့ Vivo ရဲ့ CEO Mr. Nelson Ni က ပြောပါတယ်။

နာရေးကူညီမှုအသင်း-ရန်ကုန် ကနေ တစ်ဆင့် မြန်မာနိုင်ငံရှိ ‌ရေဘေးဒဏ်ခံစားနေရတဲ့ ဒေသအသီးသီးကို အဆင့်ဆင့်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လှူဒါန်းမှုကို မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိ ရေဘေးဒဏ်ခံစားနေရတဲ့ Vivo မိသားစုဝင်တွေကိုလည်း သက်ဆိုင်ရာဌာနကနေ အဆင့်ဆင့် လိုအပ်တဲ့ ပစ္စည်းတွေကိုလည် ပေးပို့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *