September 21, 2024

၂၁. ၉.၂၀၂၄
Written by Nay Moe

PDF များက ကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ရာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဗုံးသီးစ ထိမှန်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ချောင်းကူးကျေးရွာသို့ PDF များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ ကျေးရွာအတွင်းသို့ စိန်ပြောင်းဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ကိုလတ် (၃၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ PDF များက တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *