September 21, 2024

၂၁.၉.၂၀၄
Written By Thandar

အသံဆွဲအားကောင်းကောင်းကြောင့် ပရိသတ်ချစ်ခင်မှုကို များစွာရရှိထားတဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်ကတော့ နာရေးကူညီမှုအသင်းကနေ ရေဘေးအတွက် ကျပ် ၇ သိန်းအပြင် အသံအားနဲ့ တေးသီချင်းလည်း ပါဝင်လှူဒါန်းခဲ့ပါတယ်။

“အများကြီးမဟုတ်ပေသိ နိုင်သလောက်ပေါ့။ ဒီကာလမှာ အားလုံးနည်းတူ ကျွန်တော်တို့လည်း ခက်ခဲနေတာတော့ အမှန်ပါပဲ။ နာရေးကူညီမှုအသင်းကလည်း ရေဘေးအတွက် တောက်လျှောက်နယ်တွေကို တက်လှူနေတော့ ဒီနေ့ ကျွန်မတို့ နှစ်ဦး နိုင်သလောက်လေး တနိုင်တပိုင်ပါပဲ ပါဝင်လှူဒါန်းဖြစ်ပါတယ်။ ကောင်းချီးတွေ အားလုံးထပ်တူရကြပါစေ”လို့ အဆိုတော် အိုင်ရင်းဇင်မာမြင့်က ပြောပါတယ်။

သူမကတော့ မင်းချစ်သူ၊ စောရန်နိုင်၊ စတုန်းတို့ရဲ့ ကျော်ကြားတေးတွေနဲ့ “ရေဘေးပြည်သူတို့အတွက် တေးအလှူနဲ့ ဖေးမကူမယ်” Charity Concert ပွဲမှာ ဖြိုးပြည်စုံ၊ ဝေကြီး၊ အိုင်ရင်းဇင်မာမြင့်၊ ဂျူဝယ် ၊ ပိုပိုဟေသာ၊ မေလသံစဉ်၊ ဆုထက်လှိုင်၊ လှိုင်းလေးတို့နဲ့အတူ Daily Gita Band နဲ့ The Heart of Rangoo@THOR မှာ စက်တင်ဘာ ၂၀ ရက် ညပိုင်းက ပါဝင်ဖျော်ဖြေခဲ့ပါတယ်။

“လုပ်အားကူနိုင်သူ ကာယပေါ့နော်။ ငွေအားပါဝင်နိုင်သူ ငွေအားပေါ့။ ဆရာမင်းချစ်သူရဲ့ သီချင်းများအစပြုတဲ့ တေး သံရှင်ညီကိုမောင်နှမတွေကတော့ အသံအားနဲ့ ရေဘေးအတွက် ဖေးကူဖို့ကောင်းတဲ့ ချစ်တဲ့ညီကိုမောင်နှမတို့က ဝန်းရံသီဆိုခဲ့ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *