September 20, 2024

၂၀.၉.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာအဆင့်မြင့်စျေးအနီးတွင် နေထိုင်သည့် (၇) တန်းကျောင်းသားမောင်ပြည့်ဖြိုးအောင်မှာ ကျောင်းသွားတက်ရင်း ပျောက်ဆုံးသွားကြောင်း ၎င်း၏မိဘများထံမှ သိရသည်။

စက်တင်ဘာလ ၁၉ ရက် နံနက်ခင်းအချိန်တွင် ဇမ္ဗူသီရိမြို့နယ်ရှိ အ-ထ-က (၆) ၌ ပညာသင်ယူနေသည့် မောင်ပြည့်ဖြိုးအောင်မှာ နေအိမ်မှ ကျောင်းဖယ်ရီကားနှင့် လိုက်ပါသွားပြီး ဇမ္ဗူသီရိမြို့နယ်ရှိ သီဟိုဠ်ကျောင်းတိုက်အနားတွင် ဆင်းနေခဲ့ရာမှ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် အသက် (၁၃) နှစ်အရွယ် ( ၇) တန်းကျောင်းသား မောင်ပြည့်ဖြိုးအောင်၏ မိဘများကို MT News မှ ဆက်သွယ်မေးမြန်းရာ”ဒီနေ့နဲ့ဆို ၂ ရက်ရှိပြီ။ ဖယ်ရီကားနဲ့သွားတာ။ ဘုန်းကြီးကျောင်းနားရောက်တော့ ဆင်းနေခဲ့တယ်တဲ့။ ကျောင်းကိုမေးကြည့်သေးတယ်။ ကျောင်းလာတက်လားဆိုတော့ မတက်ဘူးတဲ့။ ညနေခင်းကြတော့ သူ့ရဲ့သူငယ်ချင်း​က သုခတော်ဝင်နားမှာ ဘောလုံးအကျီနဲ့တွေ့တယ်တဲ့။ အဲ့ဒါနဲ့ သုခတော်ဝင်ဘက်သွားရှာမို့” ဟု ပြောသည်။

ပျောက်ဆုံးနေသည့် မောင်ပြည့်ဖြိုးအောင်အား မိဘပြည်သူများအနေဖြင့် တွေ့ရှိပါက ဖုန်း ၀၉-၂၅၇၈၅၇၀၁၁၊ ၀၉-၉၅၄၁၈၆၆၉၄ နှင့် ၀၉-၇၆၃၅၇၂၉၆၃ တို့ကို ဆက်သွယ်သတင်းပေးနိုင်ကြောင်း သိရသည်။

Photo – Ri Ni

Leave a Reply

Your email address will not be published. Required fields are marked *