September 19, 2024

၁၉.၉.၂၀၂၄
Written By Thandar

ပရိသတ်တွေ ချစ်ခင်မှုရရှိထားတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ စတုတ္ထကြိမ်မြောက် ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုမှာ ‌အလှူရှင်မရောက်သေးတဲ့နေရာတွေ ဦးစားပေးလှူဒါန်းမယ်လို့ ဆိုပါတယ်။

“တကယ်တော့ ရေဘေးသင့်တဲ့သူတွေရဲ့ ဆုံးရှုံးမှုတွေများလိုက်တာ။ မနည်းစိတ်တင်းပြီ အားပေးလိုက်ရတယ်။ ကိုယ်ငိုရင် စိတ်မကောင်းဖြစ်မှာစိုးလို့ပါ။ ခက်ခဲနေတာကိုတောင် အငိုမျက်လုံးအပြုံးမျက်နှာလေးနဲ့ ကိုယ်တိုင်လာလှူတာမြင်တော့ အပျော်ကြီးပျော်နေတာ ပီတိဖြစ်မိ။ အလှူမခံဘဲ လာလှူကြတဲ့ စုပေါင်းအလှူလေးပါ။ ကျွန်တော့်ကို ယုံကြည်ပြီး ပြည်တွင်းပြည်ပက ပါဝင်လှူဒါန်းမှုတွေ လိုအပ်တာတွေဝယ်ပြီး ကိုယ်တိုင်သွားလှူတာဆိုရင် ၄ ကြိမ်ကိုတော့ အလှူရှင်မရောက်သေးတဲ့နေရာတွေ ဦးစားပေးလှူဒါန်းမှာပါ။ တကယ်တော့ အလှူမခံဘဲ ချစ်လို့ဆို လှူပေးပါဆိုလို့ စုပေါင်းလှူခွင့်ရလို့ ပီတိဖြစ်မိပါတယ်။ အားရတယ်”လို့ သရုပ်ဆောင် ဖြူဖြူထွေးက ပြောပါတယ်။

သူမကတော့ စတုတ္ထအကြိမ်မြောက် ရေဘေးအလှူကြီးကို အလှူရှင်မရောက်သေးတဲ့နေရာတွေ ဦးစားပေးလှူဒါန်းမှာဖြစ်ပြီး ဒီအကြိမ်မှာတော့ ဆန်၊ ငါးသေတ္တာ၊ ရေသန့်တစ်ကတ်၊ ခေါက်ဆွဲဖာတစ်ဖာနှုန်း၊ ဒန်အိုး၊ ဒယ်အိုး၊ ဆီ ဘူး၊ ပန်းကန် ၊ ဇွန်း ၊ အဝတ်အထည်စတာတွေ လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော့်အနေနဲ့ ခက်ခက်ခဲခဲ လမ်းမရှိတော့ပေမယ့်လည်း ပထမဦးဆုံးအကြိမ် ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာလေးဆီ အရောက်သွားလှူဖြစ်ခဲ့ပါတယ်။ စိတ်ထဲလည်း မကောင်းဖြစ်ရပါတယ်။ တချို့လည်း လမ်းမကောင်းလို့ နောက်ပြန်လှည့်ကြတာတွေရှိပါတယ်။ လှူတဲ့သူတွေအနေနဲ့ အရောက်လှူပေးကြဖို့နှိုးဆော်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *