September 19, 2024

၁၉ .၉ . ၂၀၂၄
Written by MMAK

◾ဖီယင်နု Vs လေဗာကူဆင်

နယ်သာလန်ကလပ် ဖီယင်နုအသင်းက ပြီးခဲ့တဲ့ရာသီ နယ်သာလန်လိဂ်မှာ အဆင့်နှစ် ရခဲ့ပြီး လီဗာပူးအသင်းကို ပြောင်းလဲကိုင်တွယ်သွားတဲ့ အာနေးစလော့ရဲ့ ဦးဆောင်မှုဟာ အဓိကကျခဲ့ပါတယ်။ ဒီရာသီမှာ နည်းပြစလော့ထွက်ခွာမှုနဲ့အတူ ရလဒ်တွေ သိပ်မကောင်းတာ တွေ့ရပြီး ချန်ပီယံလိဂ် အတွေ့အကြုံနည်းသေးတဲ့ အသင်းဖြစ်ပါတယ်။ တိုက်စစ်အားသန်အသင်း ဖြစ်တာကြောင့် ခံစစ်က ဂိုးတွေပေးနေရသလို ဒီပွဲမှာလည်း လေဗာကူဆင်အသင်းကို သေချာပေါက် ဂိုးပေးရနိုင်ပါတယ်။ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းက ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားဆဲဖြစ်ပြီး တိုက်စစ်ကောင်းတဲ့အသင်းတစ်သင်း အဖြစ် မြင်တွေ့ထားရပါတယ်။ ဒီပွဲမှာ လေဗာကူဆင်အသင်းက တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ် အရှုံး ဖြစ်ပါတယ်။ အိမ်ရှင်ဖီယင်နု
အသင်းအနေနဲ့ လေဗာကူဆင်အသင်းကို တိုက်စစ်ဖွင့်ကစားမယ်ဆိုရင် သူတို့ဂိုးရဖို့ထက် လေဗာကူဆင်အသင်းက ဂိုးရနိုင်ချေ ပိုများပါတယ်။ တစ်လုံးငါးဆယ်စားပေါက်ကြေးက ပျော့တယ်ထင်ရပေမဲ့ လေဗာကူဆင်အသင်း တစ်လုံးအသာလောက်နဲ့ နိုင်သွားနိုင်တဲ့အတွက် လေဗာကူဆင်အသင်းကို ကြိုက်ပါတယ်။

◾ဇဗက်ဒါ Vs ဘင်ဖီကာ

ဘင်ဖီကာအသင်းရဲ့ ခြေစွမ်းကို ပြီးခဲ့တဲ့ရာသီတွေကလောက် မကောင်းသေးဘူးလို့ ယူဆထားပြီး အသင်းရဲ့ကစားပုံကိုလည်း အားမရသေးပါဘူး။ ဆားဘီးယားကလပ် ဇဗက်ဒါအသင်းက ချန်ပီယံလိဂ်အတွေ့အကြုံ အတော်အသင့်ရှိတဲ့ အသင်းဖြစ်ပြီး ဒီနှစ်ပိုင်းတွေမှာ ခြေစွမ်းတိုးတက်လာတဲ့အသင်း တစ်သင်းအဖြစ် မြင်တွေ့ထားရသလို အိမ်ကွင်းဆို ဂိုးသွင်းနိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီပွဲမှာ ဘင်ဖီကာအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ဘင်ဖီကာအသင်းအနေနဲ့ နိုင်မယ်ဆိုရင် တစ်လုံးခြောက်ဆယ်စားလောက်ထိ ပေးသင့်တယ်လို့ ထင်ပါတယ်။
ဘင်ဖီကာအသင်းရဲ့ အဝေးကွင်းခြေစွမ်းကို အားမရသေးချိန်မှာ တစ်ဖက်က ဇဗက်ဒါအသင်းက အိမ်ကွင်းကောင်းတဲ့ အသင်း ဖြစ်နေပါတယ်။ ပေါက်ကြေးအရလည်း သရေကျသွားနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်တဲ့အတွက် သရေကျရင် ကြေးအပြည့်စားရမဲ့ အောက်ကြေး ဇဗက်ဒါအသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ အတ္တလန်တာ Vs အာဆင်နယ်

မနှစ်ကရာသီမှာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ အတ္တလန်တာအသင်းကို အာဆင်နယ်အသင်းနဲ့ နည်းပြအာတီတာတို့လျှော့တွက်ထားမယ် မထင်ပါဘူး။ အာဆင်နယ်အသင်းက ဘောလုံးရရင် သေချာကိုင်တွယ် တိုက်စစ်ဆင်ကစားတတ်ပြီး ဘောလုံးဆုံးရှူံးချိန်မှာဆို ခံစစ်ကို အခိုင်အမာတည်ဆောက်ကစားတာမျိုး တွေ့ရပါတယ်။ အာဆင်နယ်အသင်းရဲ့ ခံစစ်ကို အိမ်ရှင်အတ္တလန်တာအသင်း တစ်ဂိုးထပ် ပိုသွင်းနိုင်ဖို့ မလွယ်သလို အိုဒီဂတ်မပါနိုင်သေးတဲ့ အာဆင်နယ်တိုက်စစ်ကလည်း ဂိုးတွေအများကြီး သွင်းနိုင်ဖို့ မသေချာပါဘူး။ ဒီပွဲမှာ အာဆင်နယ်အသင်းက တစ်လုံးရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စား ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက နောက်ဆုံးလေးပွဲဆက် ဂိုးအောက်ကစားထားသလို ဒီပွဲပြီးရင် မန်စီးတီးအသင်းနဲ့ ကန်ရမှာ ဖြစ်တာကြောင့် ကစားပွဲကို ထိန်းချုပ်ကစားရင်း အတ္တလန်တာအသင်းရဲ့ အမှားကို စောင့်ကစားလာနိုင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ခံစစ်ကို ယုံကြည်မှုအပြည့်ရှိသလို အာဆင်နယ်နိုင်ခဲ့ရင် တစ်ဂိုးအသာနဲ့ ကပ်နိုင်သွားနိုင်ပြီး မနိုင်ခဲ့ရင် အများဆုံး တစ်ဖက်တစ်ဂိုးစီလောက်နဲ့သာ သရေဖြစ်သွားနိုင်လို့ ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။

◾အသလက်တီကို Vs လိုက်ဇစ်

အသလက်တီကိုအသင်းက ဒီရာသီမှာ ကစားသမားအင်အား ဖြည့်တင်းမှုတွေ အကောင်းဆုံး ပြုလုပ်ထားပြီး အိမ်ကွင်းဆိုရင် မာမာထန်ထန်နဲ့ အကောင်းဆုံး တုံ့ပြန်ကစားတတ်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ လိုက်ဇစ်အသင်းရဲ့ ခြေစွမ်းကို သိပ်အားမရသေးဘဲ အသလက်တီကိုထက်စာရင် ချန်ပီယံလိဂ်အတွေ့အကြုံလည်း နုပါသေးတယ်။ လိုက်ဇစ်အသင်း သရေရသွားနိုင်တယ်ဆိုပေမဲ့ တီကိုကွင်းမှာ အနိုင်ရဖို့တော့ မလွယ်ပါဘူး။ ဒီပွဲမှာ အိမ်ရှင်အသလက်တီကို အသင်းက တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ တစ်လုံးသွင်းရင်တောင် ငါးဆယ်ပဲ အရှုံးပေးရမဲ့ လိုက်ဇစ်အသင်းကို ထိုးသားအနေနဲ့ နေချင်စရာကောင်းပေမဲ့ နည်းပြဆီမွန်နီနဲ့ တီကိုအသင်းရဲ့ အိမ်ကွင်းကစားအားကို ယုံကြည်မှု အပြည့်ရှိတာကြောင့် တီကိုအသင်း တစ်ဂိုးအသာလောက်နဲ့ နိုင်သွားနိုင်ပါတယ်။ အိမ်ရှင်တီကိုအသင်းကိုပဲ ရွေးပါမယ်။

◾ မိုနာကို Vs ဘာစီလိုနာ

ဘာစီလိုနာအသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ရလဒ်တွေက အရမ်းကိုကောင်းလွန်းနေပြီး  ဝါရင့်တိုက်စစ်မှူး လီဝမ်ဒေါစကီးနဲ့ လူငယ်ကစားသမားတွေ တော်တော့်ကို ထိန်းမရ သိမ်းမရ ကောင်းနေပါတယ်။ ဘာစီလိုနာအသင်းနောက်ဆုံး ဆယ်သုံးပွဲကစားထားရာမှာ ရှုံးပွဲတစ်ပွဲပဲ ရှိထားပြီး ရှုံးထားတဲ့အသင်းက အခုထိပ်တိုက်တွေ့နေတဲ့ မိုနာကိုအသင်း ဖြစ်ပြီး သုံးဂိုးပြတ်နဲ့တောင် ရှုံးထားပါတယ်။ ခြေစမ်းပွဲမှာ ရှုံးခဲ့တာဖြစ်ပေမဲ့ မိုနာကိုအသင်းရဲ့ တုံ့ပြန်ကစားဟန်တော်တော်လေး ကောင်းတာမျိုး မြင်တွေ့ခဲ့ရပါတယ်။ တစ်ပွဲကို အနိမ့်ဆုံးနှစ်ဂိုးသွင်းထားနိုင်သလို
တိုက်စစ်ကောင်းနေတဲ့ ဘာစီလိုနာအသင်းရဲ့ တစ်လုံးသုံးဆယ်စား ပေါက်ကြေးက ပျော့နေတယ်လို့ ထင်ပါတယ်။ ဒီပေါက်ကြေးအရ သရေတစ်ပေါက်ရှိနေသလို ထိုးသားတစ်ခြမ်းစောင်းလွန်းတဲ့ ဘာစီလိုနာအသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ပဲ ကပ်နိုင်သွားနိုင်ပါတယ်။ စုံပေါ်အောင်လွန်းနေတဲ့ ဘာစီလိုနာအသင်းကို လက်ရှောင်ထားချင်ပြီး အောက်ကြေး မိုနာကိုအသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ဘရက်စ် Vs စတန်းဂရပ်

ပြင်သစ်ကလပ် ဘရက်စ်အသင်းက အလယ်အလတ်အဆင့်တောင် မရှိတဲ့အသင်းမျိုးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းကောင်းခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင့်ခွင့်ရသွားပါတယ်။ ဒီရာသီမှာတော့ သာမာန်ခြေစွမ်းပြန်ဖြစ်သွားပြီး ရလဒ်တွေမကောင်းတော့သလို ဥရောပပြိုင်ပွဲတစ်ခုကို အစိမ်းသက်သက်ကြီး ဝင်ကစားရမှာ ဖြစ်ပါတယ်။ အရင်နှစ်က သြစတီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ စတန်းဂရပ်အသင်းကို လျှော့မတွက်သင့်ဘဲ ဒီရာသီမှာလည်း ခြေစွမ်းဆက်ကောင်းနေပါတယ်။ အိမ်ရှင်ဘရက်စ်အသင်းက ပြားကိုးဆယ်အရှုံးဆိုတဲ့ အထက်ကြေး ဖြစ်နေပေမဲ့ ဒါဟာ ကြေးပြင်းနေတာမဟုတ်ဘဲ လိဂ်အဆင့်အတန်းကွာဟမှုနဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် အထက်ကြေးပေးထားတယ်လို့ ထင်ပါတယ်။ ဘရက်စ်အသင်းထက်စာရင် စတန်းဂရပ်အသင်းကတောင် ဥရောပအတွေ့အကြုံရှိတဲ့အသင်း ဖြစ်ပြီး ဘရက်စ်အသင်းကို တစ်ရာသီစာ ကောင်းတဲ့အသင်းလို့ပဲ ထင်ပါတယ်။ စတန်းဂရပ်အသင်း သရေကျရင် ကြေးအပြည့်ရမှာ ဖြစ်တဲ့အတွက် အောက်ကြေး စတန်းဂရပ်ဘော်ဒီ ကြိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *