September 19, 2024

၁၉.၉. ၂၀၂၄
Written by Shwe Phyo

ဥရောပသမဂ္ဂအနေဖြင့် ရာဂီမုန်တိုင်းကြောင့်ဖြစ်လာခဲ့သော ရေဘေးဒဏ်ခံရသည့် မြန်မာပြည်သူများအတွက် ယူရို ၁ ဒသမ ၂ သန်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် ရာဂီမုန်တိုင်းဒဏ်ခံနေရသည့် အာဆီယံဒေသအတွင်းမှ နိုင်ငံများကို ယူရို ၂ ဒသမ ၂ သန်း ကူညီထောက်ပံ့ပေးမည်ဟု စက်တင်ဘာ ၁၉ ရက်နေ့တွင်သတင်းထုတ်ပြန်ထားပြီး အဆိုပါ ယူရို ၂ ဒသမ ၂ သန်းအနက်မှ ယူရို ၁ ဒသမ ၂ သန်းကို မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ပေးမည်ဖြစ်သလို ယူရို ၆ သိန်းခွဲကို ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံကို ယူရို ၂ သိန်းနှင့် လာအိုနိုင်ငံကို ယူရို ၁ သိန်းခွဲ ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

ရာဂီမုန်တိုင်းသည် အာဆီယံဒေသကို ဝင်ရောက်ခဲ့သောမုန်တိုင်းများထဲ အားအပြင်းဆုံးမုန်တိုင်းဖြစ်ခဲ့ပြီး လက်ရှိအချိန်အထိ ဗီယက်နမ်နှင့် မြန်မာနိုင်ငံများတွင် လူသေဆုံးမှုအများဆုံးဖြစ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ရာဂီမုန်တိုင်းမဝင်ရောက်ခင်တည်းက စစ်ဘေးဒဏ်ကို ရင်ဆိုင်နေရခဲ့ပြီး လူပေါင်း ၃ သန်းနီးပါး နေရပ်စွန့်ခွာနေထိုင်ခဲ့ရကြောင်း သိရသည်။

ရာဂီမုန်တိုင်းကြောင့်ဖြစ်လာခဲ့သော ရေကြီး၊ မြေပြိုမှုများသည် မြန်မာနိုင်ငံအပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်ခဲ့ရပြီး လူပေါင်းသိန်းချီ နေရပ်စွန့်ခွာနေထိုင်နေရကြောင်း သိရသည်။ မုန်တိုင်းကြောင့် ရေကြီးမှု၊ မြေပြိုမှုဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံအတွက် စင်ကာပူ၊ အိန္ဒိယနိုင်ငံနှင့်ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများကလည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးပို့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

REF, EU

Leave a Reply

Your email address will not be published. Required fields are marked *