September 19, 2024

၁၉. ၉. ၂၀၂၄
Translated by Htwe Ko Tun

တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် လူ ၃၀၀ နီးပါးသေဆုံးကာ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံဖိုးဆုံးရှုံးပျက်စီးခဲ့ရသည်ဟု ခန့်မှန်းရသော ဗီယက်နမ်နိုင်ငံသို့ တိုင်ဖွန်းရာဂီဝင်ရောက်ပြီး ဆယ်ရက်ကျော်ခန့်အကြာ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းတွင် နောက်ထပ်အပူပိုင်းမုန်တိုင်းတစ်ခု ကုန်းတွင်းဝင်ရောက်လာကြောင်း သိရသည်။

၎င်းအပူပိုင်းမုန်တိုင်းက တိုင်ဖွန်းရာဂီလောက် အားမပြင်းသော်လည်း နိုင်ငံ၏ အဓိက ကော်ဖီစိုက်ပျိုးရာ နိုင်ငံအလယ်ပိုင်းဒေသသို့ ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာ ဒါနန်းမြို့အနီးမှ တစ်နာရီ မိုင် ၆၀ ခန့်အထိ လေတိုက်နှုန်းဖြင့် ကုန်းတွင်းဝင်ရောက်လာခြင်းဖြစ်ရာ အပျက်အစီးများမည်ဟု ခန့်မှန်းရသည်။

ထို့ပြင် နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေလွှမ်းမိုးမှုများဖြစ်နိုင်‌ကြောင်း ရာသီဥတု သတိပေး ချက်များလည်းထုတ်ထားသည်။

မုန်တိုင်းအမှတ် (၄) ဟုသိကြသော ထိုမုန်တိုင်းက အနောက်ဘက်ဆီသို့ဆက်လက်ရွေ့ရှားလျက် လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့အထိမုန်တိုင်းအကြွင်းအကျန်များရောက်နိုင်သော်လည်း တိုင်ဖွန်းရာဂီ ကဲ့သို့ ရာသီဥတုဆိုးဝါးမှုမဖြစ်နိုင်ဟု ယူဆရသည်။

Ref- Reuters

Leave a Reply

Your email address will not be published. Required fields are marked *