September 19, 2024

၁၉. ၉. ၂၀၂၄
Translated by Htwe Ko Tun

အနောက်အုပ်စု၏ ရုရှားနိုင်ငံအပေါ် မိတ်ဆွေမဆန်သည့် အပြုအမူများအား တုံ့ပြန်သည့်အနေဖြင့် ရုရှားအစိုးရကလည်း ၂၀၁၄ ခုနှစ် ဩဂုတ်လ ၇ ရက်မှစတင်၍ အနောက်အုပ်စုနိုင်ငံများမှ စားသောက်ကုန် တင်သွင်းမှုများအား ပိတ်ဆို့မှုပြုလုပ်ထားခဲ့သည်။

အဆိုပါစားသောက်ကုန်တင်သွင်းမှုပိတ်ပင်ခြင်းအမိန့်ကို စက်တင်ဘာလ ၁၈ ရက်တွင်မူ သမ္မတပူတင်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိထပ်မံ၍ သက်တမ်းတိုးမြှင့်ကြောင်း လက်မှတ်ရေးထိုးကာ အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယခင်ကဆိုလျှင် ဤကဲ့သို့ပိတ်ဆို့မှုအမိန့်မျိုးက သက်တမ်းအားဖြင့် တစ်နှစ်လျှင်တစ်ကြိမ်သာ ပြုလုပ်နေကျဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သမ္မတပူတင်က နှစ်နှစ်တာကာလအတွက် ပိတ်ဆို့မှုအမိန့်ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရုရှားအစိုးရက အနောက်အုပ်စုနိုင်ငံများ၏ စားသောက်ကုန်များကို တန်ပြန်ပိတ်ဆို့ခဲ့ရာ၌ အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများအပြင်၊ ဩစတြေးလျ၊နော်ဝေနှင့်ကနေဒါနိုင်ငံများမှ စားသောက်ကုန်များပါ ဝင်ကာ ယခုလက်မှတ်ထိုးသည့်စာရင်း၌ အခြားသော ဥရောပနိုင်ငံများနှင့် ယူကရိန်းတို့ပါ ပါဝင်လာသည်။

သမ္မတပူတင်က အနောက်အုပ်စုနိုင်ငံများမှ စားသောက်ကုန် တင်သွင်းမှုများအား ပိတ်ဆို့မှုပြုထားခြင်းက ရုရှားနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်လာစေသည့် လှုံ့ဆော်မှုဖြစ်ခဲ့ကြောင်း ချီးကျူးပြောကြားခဲ့သည်ဟုလည်း သိရသည်။

Ref- Tass

Leave a Reply

Your email address will not be published. Required fields are marked *