September 19, 2024

၁၉.၉.၂၀၂၄
Written by Hey Mar

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ် ပိုမိုအားကောင်းလာနိုင်ပြီး မနက်ဖြန် စက်တင်ဘာလ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေကို စတင်ဖြတ်ကျော် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ် (SOULIK)”ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေနဲ့ လေပွေလှိုင်းတွေက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေဆီ စတင် ဖြတ်ကျော်ကာ နောက်၊ အနောက်-အနောက်တောင်ဘက်ဆီ ဆက်လက်ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ် အော်တို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည် အစပျိုး အားကောင်းလာနိုင်ကြောင်း၊ အဆိုပါ ဖြတ်ကျော်လာနိုင်တဲ့ လေပွေလှိုင်းရဲ့ အရှိန်ကြောင့် စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတာ၊ အချို့ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက် မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

Joint Typhoon Warning Center(JTWC)က အသစ်ထွက်လာတဲ့ အချက်အလက်‌တွေအရ လေဖိအားနည်းရပ်ဝန်း TD-SIXTEEN ဟာ စက်တင်ဘာလ ၁၉ ရက်၊ ည ၆ နာရီခွဲအချိန်ခန့်မှာ အပူပိုင်းမုန်တိုင်း TS အဆင့်ကို ရောက်ရှိပြီး ဗဟိုချက်အနီးလေတိုက်နှုန်း 40knots(တနာရီ ၄၆ မိုင်)သို့ ရောက်ရှိလာမယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *