September 19, 2024

၁၉.၉. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ ပါတွန်အရပ်ဒေသ Wat Suwan Kiriwong ကျောင်းရှေ့တွင် ပြီးခဲ့သောရက်ပိုင်းက ကားသုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၅ နာရီကျော်က ဝက်ပါတွန် အရပ်ဒေသမှ မီတာ ၃၇၀ အကွာရှိ ဖရာဘရာမီ လမ်းပေါ်တွင် ကားတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ခဲ့ရာ လူသေဆုံးမှုများရှိခဲ့ကာ မြန်မာနိုင်ငံသားတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ထိုင်းအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။ သေဆုံးသူသည် မြန်မာနိုင်ငံသား အောင်အောင်ဆိုသူဖြစ်ပြီး ပါတွန်မြူနီစပယ်မှ ခန့်အပ်ထားသော အမှိုက်သိမ်းသောအလုပ်သမားတစ်ဦးဖြစ်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေးသမားများရောက်ရှိချိန်တွင် အောင်အောင်သည် အသက်သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ထိုင်းနိုင်ငံသား Wirasak Yimseng ဆိုသူမောင်းနှင်လာသည့် နစ်ဆန်းအမျိုးအစားကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်အမှိုက်သိမ်းနေသည့် မြန်မာနိုင်ငံသားကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ နီဆန်းအမျိုးအစားကားသည် ပါတွန်တောင်ကုန်းဒေသမှ ပါတီကမ်းခြေဒေသသို့ ဦးတည်မောင်းနှင်လာချိန်အတွင်း အရှိန်မထိန်းနိုင်ဖြစ်ကာ တရုတ်နိုင်ငံသားတစ်ဦးမောင်းနှင်လာသည့်ကားကို တိုက်ခဲ့သလို မြန်မာနိုင်ငံသား အောင်အောင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် နစ်ဆန်းအမျိုးအစားကားသည် အနက်ရောင် Toyota Corona Altis အမျိုးအစားကားကိုလည်း ဝင်တိုက်မိခဲ့ခြင်းများရှိခဲ့ကြောင်း သိရသည်။

နစ်ဆန်းအမျိုးအစားကားကိုမောင်းနှင်လာသော ထိုင်းနိုင်ငံသားသည် ကားတိုက်မှုများဖြစ်ပွားချိန်အတွင်း အရက်သေစာသောက်စားခြင်းမျိုးမရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်များတွင် ဖော်ပြထားသည်။

REF, thethaiger

Leave a Reply

Your email address will not be published. Required fields are marked *