September 19, 2024

၁၉. ၉. ၂၀၂၄
Translated by Htwe Ko Tun

မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ အလည်အပတ်ရောက်ရှိနေသော တရုတ်ကမ္ဘာလှည့်ခရီးသွားနှစ်ဦးမှာ လှည့်လည်သွားလာနေစဥ် မြို့အတွင်းရှိ သစ်ပင်တစ်ပင်က အမြစ်မှကျွတ်ထွက်ကာ ၎င်းတို့စီးလာသောကားပေါ်သို့ စက်တင်ဘာလ ၁၈ ရက်တွင် ပိကျရာမှ နှစ်ဦးစလုံးသေဆုံးခဲ့ရကြောင်း သိရသည်။

ဒေသခံသတင်းများက အဆိုပါ တရုတ်ကမ္ဘာလှည့်ခရီးသွားနှစ်ဦးမှာ ဖခင်နှင့်သမီးတို့ဖြစ်ကြပြီး ဖခင်ဖြစ်သူက အသက် ၅၀ ကျော်နှင့်သမီးဖြစ်သူက အသက် ၃၀ ကျော်ရှိကြ‌ကြောင်း၊ ၎င်းတို့က ဂျော့ဂျ် တောင်း(ခေါ်) ပီနန်မြို့ရှိ Pinang Peraakan Mansion ပြတိုက်သို့ လာရောက်ကြစဉ် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းဟု ဖော်ပြခဲ့ကြသည်။

ဖခင်ဖြစ်သူက နောက်ထိုင်ခုံတွင်လိုက်ပါလာကာ သမီးဖြစ်သူက ယာဉ်မောင်း၏ဘေး ရှေ့ထိုင်ခုံတွင်လိုက် ပါလာခြင်းဟုလည်း သိရသည်။ ကားကိုဒေသခံယာဉ်မောင်းတစ်ဦးက မောင်းနှင်လာခြင်းဖြစ်ပြီး ၎င်းမှာမူ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ အသက်ဘေးမှလွတ်မြောက်ခဲ့သည်။

အာဏာပိုင်များက ကားတွင်းပိတ်မိသေဆုံးနေသူနှစ်ဦး၏ အလောင်းများကို ပြန်လည်ထုတ်ယူနိုင်ရန်ပင် သုံးနာရီနီးပါးခန့် ဆောင်ရွက်ခဲ့ရသည်။ အနီးရှိ ကားအတွင်းလူမရှိသော အခြားကားနှစ်စီးမှာလည်း သစ်ပင်ပြိုလဲမှုကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

Ref, The Star

Leave a Reply

Your email address will not be published. Required fields are marked *