September 19, 2024

၁၉.၉.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ သရုပ်ဆောင် နန်းဆုရတီစိုးကတော့ OMO 1 Year Anniversary ပြည့်နဲ့
OMO ကထုတ်လုပ်တဲ့ Product တစ်ခုဖြစ်တဲ့ Vite Gluta C မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ Lotte Hotel မှာ ကျင်းပခဲ့ပါတယ်။

သူမက အဆိုပါ အခမ်းအနားမှာ အသက် ၃၆ နှစ်ပြည့်မွေးနေ့ အနေနဲ့ ရေ ဘေးသင့်ပြည်သူတွေအတွက် ကျပ်သိန်း ၁၀၀ လည်း လှူဒါန်းခဲ့ပါတယ်။

“နန်းဆုရဲ့ ဒီနေ့ပွဲက OMO ရဲ့ Product ထုတ်တာ တစ်နှစ်ပြည့်တာရယ်က နန်းဆုမွေးနေ့မှာဖြစ်နေတယ်။ တစ်ရက်တည်းပဲ တိုင်ဆိုင်တဲ့အတွက်ကြောင့် မှတ်မှတ်ရရလေးဖြစ်အောင် ဒီနေ့ပွဲလေးကို အကျဉ်းချုံးပြီး ကျင်းပဖြစ်တာပါ။ မနှစ်က လုပ်တဲ့နေရာမှာပဲ ပြန်လည်ကျင်းပဖြစ်တာပါ။ တစ်နှစ်ပြည့်ရော မွေးနေ့အမှတ်တရအနေနဲ့ ‌အလှူအဖြစ် နန်းဆုက ရေဘေးသင့်ပြည်သူတွေအတွက်ကို ကျပ်သိန်း ၁၀၀ မတည်လှူဖြစ်တယ်။ ပွဲတက်လာရောက်သူတွေကိုလည်း ပိုင်တံခွန်ကနေပြီးတော့ ရေဘေးသင့်ပြည်သူတွေအတွက် အလှူခံပေးတယ်။ ထိုင်းမိတ်ဆက် Partner လုပ်ငန်းရှင်တွေကလည်း သိန်း ၁၀၀ ထပ်မံအလှူငွေရရှိခဲ့ပါတယ်။ နန်းဆုမွေးနေ့ပြီးသွားရင် ဒီငွေကြေးတွေနဲ့ တကယ်လိုအပ်နေတဲ့နေရာကို လှူဒါန်းသွားမှာပါ”လို့ သရုပ်ဆောင် နန်းဆုရတီစိုးက ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် ပိုင်တံခွန်၊ အဆိုတော်လွှမ်းပိုင်၊အဆိုတော်စိန်လင်း၊ သရုပ်ဆောင်ထက်အောင်ရှိုင်း၊ သရုပ်ဆောင်တေဇလင်းရောင်၊ သရုပ်ဆောင်ခြူးလေး၊ ထိုင်းမင်းသမီးလီလီ ၊ ထိုင်းနိုင်ငံ မိတ်ဖက် Partner စတဲ့သူတွေတက်ရောက်ခဲ့ကြပါတယ်။

မကြာခင်ရက်ပိုင်းကလည်း OMO မိသားစုက ရေဘေးအတွက် သိန်း (၃၀) မတည်လှူဒါန်းချိန်မှာ ထိုင်းမင်းသမီး လီလီကလည်း ငွေကျပ် ၁၀ သိန်းပါဝင်လှူထားသလို ခုနစ်ရက်သားသမီးတွေလည်း ပါဝင်လှူဒါန်းသွားမယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *