September 19, 2024

၁၈.၉ ၂၀၂၄
Written By Zun

ရခိုင်တေးသံရှင် အသက် ၂၇ နှစ်အရွယ် မျိုးလှိုင်ဝင်း (ခ) မင်းအာရီယာန်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်း၊ Naiksangchari (နတ်ချောင်းချရီ) နယ်စပ်တွင် ဖမ်းဆီးထားကြောင်း သိရသည်။

၎င်းမှာ မောင်တောမြို့နယ် မင်းကြီးရွာဇာတိဖြစ်ပြီး အလှကုန်ဆိုင်ဖွင့်ထားကြောင်း၊ ဖမ်းဆီးရမိစဉ် ရွှေထည် ပစ္စည်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် အလှကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် မြန်မာကျပ်ငွေ ၃၈၀၀၀၀၊ ဘင်္ဂလားဒေ့ရှ်ငွေ ၅၅၀၀၀ တာကာ သိမ်းဆည်းရမိကြောင်း BGB အမှတ် (၁၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက် ည ၁၁ နာရီခွဲခန့်အချိန်က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်း (၁၁) ကင်းလှည့်စဉ် အဆိုပါ အသက် ၂၇ နှစ်အရွယ် မျိုးလှိုင်ဝင်း (ခ) မင်းအာရီယာန်နှင့်အတူ အသက် ၁၈ နှစ်အရွယ် ဂျိုင်းသောင် ဆိုသူတို့ကို ဖမ်းမိခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား တရားဝင် ဖြတ်သန်းသွားလာရေးအတွက် လမ်းကြောင်း ဖွင့်ထားခြင်း မရှိသေးဘဲ သွားလာနေသောကြောင့် အဖမ်းခံရခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်နေကြသည်။

Sources-Coz’s Bazar News

Leave a Reply

Your email address will not be published. Required fields are marked *