၁၈ .၉ .၂၀၂၄
Written by MMAK
◾ ဘိုလော့ဂ်နာ Vs ရှက်တာဒိုးနတ်
မနှစ်ကရာသီမှာ နည်းပြသီယာဂိုမော့တာရဲ့ ဦးဆောင်မှုနဲ့အတူ ချန်ပီယံလ်ဂ်ဝင်ခွင့်ရခဲ့တဲ့ ဘိုလော့ဂ်နာအသင်း ဒီရာသီမှာ နည်းပြသီယာဂိုမော့တာ ထွက်ခွာသွားခဲ့တာကြောင့် ရလဒ်တွေသိပ်မကောင်းတော့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရနေတာတောင် ကစားသမားအင်အားဖြည့်တင်းမှု သိပ်မလုပ်ထားပါဘူး။ ဘိုလော့ဂ်နာအသင်းထက် ယူကရိန်းကလပ် ရှက်တာဒိုးနတ်အသင်းက ချန်ပီယံလိဂ်အတွေ့အကြုံပိုရင့်ပြီး ယူကရိန်းလိဂ်မှာ ပုံမှန်ခြေစွမ်းသာရှိပေမဲ့ တိုက်စစ်ကောင်းတဲ့ အသင်းအဖြစ်တော့ မြင်တွေ့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘိုလော့ဂ်နာအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံးဖြစ်ပါတယ်။ တိုက်စစ်ကောင်းတဲ့ ရှက်တာဒိုးနတ်အသင်း ဂိုးရနိုင်တယ်လို့ ယူဆထားတဲ့အတွက် အောက်ကြေး ရှက်တာဒိုးနတ်ဘော်ဒီနဲ့ ဂိုးပေါ်ရွေးချယ်မယ်ဆိုရင် အရှုံးမရှိနိုင်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။
◾ စပါတာပရဂ် Vs ဆဲလ်ဘတ်
ချက်ကလပ် စပါတာပရဂ်အသင်းက ခြေစစ်ပွဲအဆင့်ကနေ အဆင့်ဆင့်ဖြတ်ကျော်လာပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သလို သြစတီးယားကလပ် ဆဲလ်ဘတ်အသင်းကလည်း ခြေစစ်ပွဲအဆင့်ကနေ တက်ရောက်လာတာ ဖြစ်ပါတယ်။ စပါတာပရဂ်အသင်းက ချက်လိဂ်မှာ ခြေစွမ်းပြနေပြီး တိုက်စစ်ကောင်းတဲ့ အသင်း ဖြစ်သလို လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ဆဲလ်ဘတ်အသင်းကလည်း တိုက်စစ်အသားပေး အသင်းမျိုးဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်စပါတာပရဂ်က ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေးပျော့နေပေမဲ့ ဂိုးပေါင်းကြေးမြင့်နေတာကြောင့် အနိမ့်ဆုံး သုံးဂိုးလောက် မြင်ရဖို့ရှိတယ်လို့ ယူဆပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အသား ပေးအသင်းတွေ ဖြစ်တဲ့အတွက် အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်လို့ ဂိုးပေါ်ကြိုက်ပါတယ်။
◾ မန်စီးတီး Vs အင်တာမီလန်
၂၀၂၃ ရာသီ ချန်ပီယံလိဂ်ဖိုင်နယ်မှာ တွေ့ဆုံခဲ့တဲ့ အင်အားကြီး အသင်းတွေဖြစ်ပြီး မန်စီးတီးအသင်းက အနိုင်ရကာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ရယူသွားခဲ့ပါတယ်။ နှစ်သင်းလုံးက သက်ဆိုင်ရာလိဂ်တွေမှာ ခြေစွမ်းပြနေကြပြီး အရည်အသွေးမြင့်ကစားသမားတွေလည်း ပိုင်ဆိုင်ထားကြပါတယ်။ ဒီပွဲမှာ အိမ်ရှင်မန်စီးတီးအသင်းက တစ်လုံးတစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ်။ အိမ်ရှင်မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေး ပျော့တယ်လို့ ယူဆထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စားဆိုတာကလည်း ဂိုးပေါ်နေချင်စရာကောင်းနေပါတယ်။ နှစ်သင်းလုံးက ခံစစ်ကောင်းတဲ့အသင်းတွေ ဖြစ်သလို အသင်းကြီးတွေ ဖြစ်နေတာကြောင့် ထိန်းထိန်းသိမ်းသိမ်းကစားရင်း အမှားစောင့်ကစားကြမယ်ထင်ပါတယ်။ ပေါက်ကြေးတွေကို မကြိုက်သလို ထိန်းကစားကြမဲ့ပွဲလို့ ယူဆထားတဲ့အတွက် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ PSG Vs ဂျီရိုနာ
ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရတဲ့ ဂျီရိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ရရှိရေး အသည်းအသန်ကြိုးစားနေတဲ့ PSG အသင်းတို့ ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ PSG အသင်းက ပြင်သစ်လိဂ်မှာ တော်တော်ခြေစွမ်းကောင်းနေပြီး တိုက်စစ်က တစ်ပွဲကို အနိမ့်ဆုံး သုံးဂိုးသွင်းထားနိုင်တာ တွေ့ရပါတယ်။ အရည်အ သွေးမြင့်ကစားသမားတွေ အများအပြားပိုင်ဆိုင်ထားပြီး နည်းပြ လူးဝစ်အင်းနရစ်က အရည်အသွေးမြင့် နည်းပြတစ်ယောက်ဖြစ်သလို ချန်ပီယံလိဂ်အတွေ့အကြုံရင့် နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ စပိန်လာလီဂါမှာ ကျင်လည်ခဲ့တဲ့ နည်းပြတစ်ယောက် ဖြစ်တဲ့အတွက် စပိန်အသင်းတွေအကြောင်းလည်း ကောင်းကောင်းသိတဲ့သူ ဖြစ်ပါတယ်။ ဂျီရိုနာအသင်းက ခြေစွမ်းသိပ်မဆိုးပေမဲ့ အသင်းကြီးတွေကို ယှဥ်ကစားနိုင်တဲ့ အဆင့်ကိုမရောက်သေးသလို အဝေးကွင်းဖြစ်နေတာကြောင့် အရှုံးနဲ့ အိမ်ပြန်ရဖို့များပါတယ်။ ဒီပွဲမှာ အိမ်ရှင် PSG အသင်းကို တစ်လုံးအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်အရှုံးဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို အဓိကပစ်မှတ်ထားနေတဲ့ PSG အသင်း အိမ်ကွင်းမှာ အမှားခံမယ် မထင်တဲ့အတွက် နှစ်ဂိုးပြတ်နိုင်သွားနိုင်တဲ့ PSG အသင်းကို ပိုကြိုက်ပါတယ်။
◾ ကလပ်ဘရု Vs ဒေါ့မွန်
မနှစ်ကရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ် တက်ရောက်ခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် အတွေ့အကြုံ အတော်အသင့် ရှိတဲ့ ဘယ်ဂျီယံကလပ် ကလပ်ဘရုအသင်းတို့ ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ ဒေါ့မ့န်အသင်းကို ကစားသမားဟောင်း ဆာဟင်က နည်းပြလုပ်နေပြီး ချန်ပီယံလိဂ်အတွေ့အကြုံရှိတဲ့ နည်းပြတစ်ယောက်မဟုတ်ပေမဲ့ ဒေါ့မွန်အသင်းကတော့ ချန်ပီယံလိဂ်သမ္ဘာရင့် အသင်းဖြစ်ပါတယ်။ ကလပ်ဘရုအသင်းက ခြေစွမ်းသိပ်မဆိုးပေမဲ့ ဒေါ့မွန်အသင်းကို အနိုင်ယူနိုင်လောက်တဲ့ အနေအထားမျိုး မတွေ့ရပါဘူး။ ဒီပွဲမှာ ဒေါ့မွန်အသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းရဲ့ ဘော်ဒီကြေးပျော့နေတယ် ထင်ရပေမဲ့ တကယ်လို့ ဘော်ဒီကြေး တစ်လုံး ငါးဆယ်စားလောက်ထိ တက်ပေးလိုက်ရင် ဒေါ့မွန်အသင်းကို ရွေးချယ်မဲ့ ထိုးသားတွေ စုပုံလာနိုင်ပါတယ်။ ပေါက်ကြေးကို အနည်းငယ်ပျော့ထားပြီး ဒေါ့မွန်အသင်းကို ရွေးချယ်မဲ့ ထိုးသားတွေကို ဘွတ်ကီတွေက တွန့်ဆုတ်နေအောင် ပြုလုပ်ထားတဲ့ ပေါက်ကြေးလို့ ထင်ပါတယ်။ သမ္ဘာပိုရင့်တဲ့ ဒေါ့မွန်အသင်းကပဲ ကစားပွဲကို ထိန်းချုပ်အနိုင်ယူသွားမယ်လို့ ယူဆထားတဲ့အတွက် ဒေါ့မွန်အသင်းကို ကြိုက်ပါတယ်။
◾ဆဲလ်တစ် Vs စလိုဗန်
စလိုဗက်ကီးယားကလပ် စလိုဗန်အသင်းက ခြေစစ်ပွဲအဆင့်မှာ လေးသင်းလောက်ထိကို အဆင့်ဆင့် အနိုင်ယူကျော်ဖြတ်ကာ ချန်ပီယံလိဂ်ကစားခွင့် ရလာတဲ့အသင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်အတွေ့အကြုံသိပ်မရှိတဲ့ အသင်းဖြစ်ပြီး အိမ်ဖြည့်အသင်းသာသာလောက်သာ ရှိပါတယ်။ ဝါရင့်နည်းပြ နည်းပြဘရန်ဒန်ရော်ဂျာကိုင်တွယ်နေသလို နှစ်တိုင်းလို ချန်ပီယံလိဂ်ကစားခွင့်ရနေတဲ့ ဆဲလ်တစ်အသင်းကတော့ ချန်ပီယံလိဂ်ဝါရင့်အသင်း တစ်သင်း ဖြစ်ပါတယ်။ စကော့တလန်လိဂ်မှာဆို ငါးပွဲကစား ငါးပွဲနိုင် သွင်းဂိုး ၁၄ ဂိုးရရှိထားပြီး တစ်ဂိုးမှပြန်ပေးထားရခြင်းမရှိဘဲ တော်တော်လေးကောင်းတဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဆဲလ်တစ်အသင်းက ဘော်ဒီကြေး နှစ်လုံးလေးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးပြင်းနေသလို အိမ်ဖြည့်အသင်းသာသာပဲရှိတဲ့ စလိုဗန်အသင်းကို ဆဲလ်တစ်အသင်း ဂိုးပြတ်အနိုင်ယူနိုင်စွမ်းရှိတဲ့အတွက် စကော့တလန်မြေမှာ ဆဲလ်တစ်အသင်းကိုပဲ ရွေးချယ်ရမှာပါ။