September 19, 2024

၁၈. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဥရောပတိုက်အလယ်ပိုင်းနိုင်ငံများဖြစ်သော ချက်သမ္မတနိုင်ငံ၊ ဩစတြီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုမေနီး ယားနှင့် ဆလိုဗက်ကီးယားနိုင်ငံများတွင် စက်တင်ဘာလ ဒုတိယပတ်မှစ၍ ဘိုးရစ် မုန်တိုင်းကြောင့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေသဖြင့် ရေလွှမ်းမိုးမှုများကြောင့် ခရီးအသွားအလာများပြတ်တောက်ကာ မြစ်ရေများလျှံပြီး ရေလွှမ်းမိုးမှုများလည်းဖြစ်ခဲ့ရကြောင်း သိရသည်။

စက်တင်ဘာလတတိယပတ်တွင်မူ အဆိုပါဥရောပနိုင်ငံများ၌ ရာသီဥတုအခြေအနေပြန်လည်ကောင်းမွန်လာသော်လည်း ရေလွှမ်းမိုးမှုများရှိနေသေးကာ အာဏာပိုင်များက ပြည်သူများကို သတိဝိရိယဖြင့် နေထိုင်ကြရန် သတိပေးထားသည်။

ဘိုးရစ်မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများအတွင်း ထိုနိုင်ံငံများ၌ သေဆုံးသူစုစုပေါင်းမှာ စက်တင်ဘာလ ၁၇ ရက်အတိ ၂၂ ဦးရှိလာခဲ့ကြောင်းလည်း သိရသည်။

စက်တင်ဘာလ ၁၇ ရက်တွင်မူ အီတလီနိုင်ငံ၌ မုန်တိုင်းကြောင့် မြေပြိုမှုများနှင့်ရေလွှမ်းမိုးမှုများဖြစ်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

ဥရောပတိုက်အတွင်း ထိုကဲ့သို့ အချို့နိုင်ငံများ၌ မုန်တိုင်းကြောင့် မိုးသည်းထန်ကာ မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများ ကြုံနေရချိန်တွင် ပေါ်တူဂီနိုင်ငံတွင် ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်ရက်များ၌ စတင်လောင်ကျွမ်းခဲ့သော တောမီးများက နိုင်ငံတစ်ဝန်း ကူးစက်လောင်ကျွမ်းလျက်ရှိကြောင်း သတင်းများကဖော်ပြခဲ့ကြသည်။

တောမီးလောင်ကျွမ်းမှုက နိုင်ငံ၏ မြောက်ပိုင်းနှင့်အလယ်ပိုင်းဒေသများ၌ အဆိုးရွားဆုံးဖြစ်ကာ မီးသတ် သမား ၅၀၀၀ ခန့်တို့က တောမီးကိုကြိုးစားငြှိမ်းသတ်လျက်ရှိကြောင်း ဝန်ကြီးချုပ် မွန်တီနီဂရိုကပြောခဲ့သည်။တောမီးလောင်ကျွမ်းမှုတွင် စက်တင်ဘာလ ၁၇ ရက် အထိ မီးသတ်သမားသုံးဦးအပါအဝင် လူခုနှစ်ဦး သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

Ref- bbc

Leave a Reply

Your email address will not be published. Required fields are marked *