September 19, 2024

၁၈. ၉. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်နိုင်ငံရေတပ်၏ လေယာဉ်တင်သင်္ဘောဖြစ်သော Liaoning က စက်တင်ဘာလ ၁၈ ရက်တွင် ၎င်းနှင့်ထိစပ်နေသော ဂျပန်နိုင်ငံ၏ရေပိုင်နက်အတွင်းသို့ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာခဲ့သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

လေယာဉ်တင်သင်္ဘောကြီး Liaoning က ဖျက်သင်္ဘောနှစ်စီးခြံရံလျက် ဂျပန်နိုင်ငံတောင်ပိုင်း ယိုနာဂူနီကျွန်းနှင့် အိုင်ရီယိုမုတ်ကျွန်းများအကြား ဝင်ရောက်လာခဲ့ခြင်းဟုသိရသည်။ ထိုကျွန်းများက ဂျပန်ကျွန်းမကြီး၏ အနောက်တောင်ဘက် တိုင်ဝမ်ကျွန်း၏အရှေ့ဘက် အရှေ့တရုတ်ပင်လယ်အတွင်းတည်ရှိသည်။

စက်တင်ဘာလ ၁၈ ရက် နံနက်အစောပိုင်းတွင် တရုတ်တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း တရုတ်ရေတပ်မှ လေယာဉ်တင်သင်္ဘောကြီးတစ်စီးပါဝင်သည့် သင်္ဘောအုပ်စုတစ်စုသည် ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းရေပြင်ကိုဖြတ်လျက် ယိုနာဂူနီကျွန်းဘက်သို့ ခုတ်မောင်းသွားကြောင်းလည်း ကြေညာခဲ့သေးသည်။ယိုနာဂူနီကျွန်းက ဂျပန်နိုင်ငံ၏ အနောက်တောင်ဘက်အကျဆုံးကျွန်းဖြစ်၍ တရုတ်တိုင်ဝမ် ကမ်းရိုးတန်း အရှေ့ဘက် ကီလိုမီတာ ၁၁၀ အကွာတွင်ရှိသည်။

တရုတ်အနေနှင့် တရုတ်တိုင်ဝမ်အား ၎င်း၏အချုပ် အခြာအာဏာပိုင်နယ်မြေဟု သတ်မှတ်ထားသည်နှင့် အညီ ပုံမှန်စစ်ရေးလေ့ကျင့်မှုမျာကို တိုင်ဝမ်ကျွန်းပတ်လည်ရေပြင်တွင် ပြုလုပ်လာသည်မှာ ငါးနှစ်ခန့်ရှိခဲ့ ပြီဖြစ်သည်။ သို့သော် တရုတ်တိုင်ဝမ်ဘက်ကလည်း ထိုအချက်ကို လက်မခံဘဲငြင်းဆိုနေသည်။

တရုတ်တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါတရုတ်သင်္ဘောအုပ်စုတွင် တရုတ်ရေတပ်ရှိ လေယာဉ်တင်သင်္ဘောကြီးသုံးစီးအနက် သက်တမ်းအကြာဆုံးဖြစ်သော Liaoning ရေငုပ်သင်္ဘောကြီးပါဝင် ကြောင်းလည်းပြောခဲ့သည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *