September 19, 2024

၁၈.၉.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြို့ရှောင်လမ်းဘေး ကြက်သွန်စက်ရုံအနီး မယ်ဆိုင်ချောင်းဘေးတွင် စက်တင်ဘာလ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း အလောင်းဆယ်ယူပေးခဲ့သည့် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၄၅ နှစ်ကျော်အရွယ်ရှိပြီးလတ်တလောတွင် ပိုင်ရှင်မပေါ်သေးကြောင်း၊ သေဆုံးသူအမျိုးသားကို ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းမှ အသင်းဝင်များက ဆယ်ယူ၍ တာချီလိတ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီခန့်ကလည်း တာချီလိတ်မြို့၊ ဝိန်းကျောက်(တော်ကော့တွင်း)လိုမာ ဟိုတယ်အနီးတွင် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *