September 19, 2024

၁၈.၉.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ညောင်မြင့်ကျေးရွာ(အနီး)ရှိ တမာပင်အောက်တွင် အမည်မသိဆရာတော်တစ်ပါး ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင် လမ်းဖြတ်သွားသူကလေးငယ်တစ်ဦးက တမာပင်အောက်တွင် ပျံလွန်တော်မူနေသည့် ဆရာတော်၏ ရုပ်ကြွင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ဦးဇင်းကို လမ်းဖြတ်သွားတဲ့ကလေးက ပြောလို့။ သစ်ပင်အောက်မှာ ဆရာတော်တစ်ပါး ပျံလွန်တော်မူနေတယ်ဆိုပြီး ပြောလို့ပါ။ အလောင်းက ပိုင်ရှင်မဲ့ပါ” ဟု သာစည်မြို့နယ်ရှိ ဆရာတော်တစ်ပါးမှ MT News သို့ မိန့်သည်။

တမာပင်အောက်တွင် ပျံလွန်တော်မူသည့် ဆရာတော်မှာ လက်ရှိအချိန်တွင် ပိုင်ရှင်မဲ့ဖြစ်နေပြီး၊ ဆရာတော်၏ ရုပ်အလောင်းကို ဒေသခံလူမူကူညီရေးအသင်းမှ သွားရောက်သယ်ယူနေကြောင်းလည်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *