September 19, 2024

၁၈. ၉. ၂၀၂၄
Written by Nyein Kyaw

သွင်းကုန်လုပ်ငန်းရှင်များအတွက် FX Trading Platform မှတစ်ဆင့် ထိုင်းဘတ် ၁၀ သန်း ယနေ့ ရောင်းပေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်တွင် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းမြင့်တက်လာ၍ နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့သော်လည်း ဒေါ်လာဈေးနှုန်း ကျဆင်းလာမှုမရှိသည့်အပြင် ဩဂုတ်လအလယ်တွင် သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးမြင့်တက်မှုအဖြစ် တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။

ယခင်ရောင်းချပေးမှုများအပြင် ဩဂုတ်လအလယ်မှစတင်ပြီး ဒေါ်လာကို သန်းရာချီအလုံးအရင်းနှင့် ထုတ်ရောင်းပေးခဲ့သလို သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ်နှင့် တရုတ်ယွမ်များကိုလည်း ဗဟိုဘဏ်မှ ဆက်တိုက်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ယနေ့ ရောင်းချပေးမည့် ထိုင်းဘတ် ၁၀ သန်းအပါအဝင် ဩဂုတ်လ ၁ ရက်မှ ယနေ့အထိ တစ်လခွဲကျော်အတွင်း ဗဟိုဘဏ်မှ ထိုင်းဘတ်သန်း ၁၇၀ နီးပါးအထိ ရောင်းချပေးထားသလို ဒေါ်လာသန်း ၂၃၀ ခန့်နှင့် တရုတ်ယွမ်သန်း ၂၀ ကျော် ရောင်းချပေးထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်း ကျပ် ၅၀၀၀ အောက်သို့ ကျဆင်းမှုရှိခဲ့သော်လည်း လက်မည်းကုန်သည်ကြီးများ၏ ဈေးကစားမှုကြောင့် စက်တင်ဘာ ၁၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၆၀၀ သို့ ပြန်မြင့်တက်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ ကျပ် ၅၀၀၀ အထက်မှာသာဆက်ရှိနေပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၅၂၅၀ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *