September 19, 2024

၁၈. ၉. ၂၀၂၄
Translated by Thettant

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက္ကာကနေ ဟောင်ကောင်ကိုသွားတဲ့ Cathay Pacific Airways လေယာဉ်ပေါ်မှာ အသက် ၄၇ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် ခရီးသည်တစ်ဦး မူးလဲပြီး သေဆုံးသွားမှု ဒီနေ့မနက်မှာ ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ကနေ ရောက်ရှိလာတဲ့ လေယာဉ် CX662 ပေါ်မှာ မူးလဲကျခဲ့တဲ့ အမျိုးသားပါရှိလာတဲ့ သတင်းကို ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီခန့်က လက်ခံရရှိခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောပါတယ်။

လေယာဥ်ပေါ်မှာ မူးလဲသူအမျိုးသားဟာ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားတယ်လို့လည်း ရဲတပ်ဖွဲ့က ကြေညာခဲ့ပြီး သေဆုံးရတဲ့အကြောင်းရင်းကို အတည်ပြုနိုင်ဖို့ အလောင်းကို ခွဲစိပ်စစ်ဆေးမယ်လို့လည်း ဟောင်ကောင် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

CX662 လေယာဉ်ဟာ ဘင်္ဂလားဒေ့ရှ် ဒေသစံတော်ချိန် နံနက် ၂ နာရီအချိန် ဒက္ကာက ထွက်ခွာခဲ့ပြီး ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ ၄၉ မိနစ်မှာ ဟောင်ကောင်သို့ ရောက်ရှိလာခဲ့တယ်လို့လည်း လေဆိပ်အာဏာပိုင်အဖွဲ့က ပြောပါတယ်။

Ref, Xinhua

Leave a Reply

Your email address will not be published. Required fields are marked *