September 19, 2024

၁၇ . ၉. ၂၀၂၄
Written by MMAK

ဒီနေ့ညမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို စတင်ယှဥ်ပြိုင်ကစားကြမှာဖြစ်ပြီး ပုံစံအသစ်နဲ့ ပြောင်းလဲကျင်းပသွားမှာ ဖြစ်ပါတယ်။ အသစ်ပုံစံအရ အသင်း ၃၆ သင်း ပါဝင်ယှဥ်ပြိုင်မှာဖြစ်ပြီး တစ်သင်းကို အိမ်ကွင်းလေးပွဲ အဝေးကွင်းလေးပွဲ စုစုပေါင်းရှစ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ အမှတ်အများဆုံးရတဲ့ ထိပ်ဆုံး ၈ သင်းက ၁၆ သင်းအဆင့်ကို တိုက်ရိုက်ကစားခွင့်ရမှာ ဖြစ်ပြီး အဆင့် ၉ ကနေ အဆင့် ၂၄ ရရှိတဲ့ အသင်းတွေက ပြိုင်ဘက်အသင်းကို မဲနှိုက်ရွေးချယ်ပြီး အိမ်ကွင်းအဝေးကွင်း နှစ်ပွဲထပ်ကစားကာ နိုင်တဲ့အသင်းက ၁၆ သင်းအဆင့်ကို ဆက်လက်ကစားရမှာပါ။ ကျန်တဲ့အသင်းတွေအကုန်လုံးက အရင်လို ယူရိုပါလိဂ်ဆင်းကစားရတော့မှာ မဟုတ်ဘဲ ပြိုင်ပွဲကနေ ထွက်ခွာရမှာ ဖြစ်ပြီး ဒီနေ့ညပွဲစဥ်တွေထဲက ကောင်းနိုးရာရာပွဲစဥ်တွေကို သုံးသပ်ပေးချင်ပါတယ်။

◾ အေစီမီလန် Vs လီဗာပူး

နှစ်သင်းလုံးက ချန်ပီယံလိဂ်မာစတာအသင်းတွေ ဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှု ပွဲစဥ်တွေမှာ အရှုံးအနိုင်ပေါ်အောင် ကစားတတ်ကြသလို အပြန်အလှန်သွင်းဂိုးတွေ မြင်ရလေ့ရှိပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု ငါးပွဲလုံးကို လီဗာပူးအသင်းက အနိုင်ရထားတယ်ဆိုပေမဲ့ အဝေးကွင်းကနေ ထပ်နိုင်သွားဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဒီပွဲမှာ လီဗာပူးအသင်းက ပြားကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ် အရှုံး ဖြစ်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အသားပေးအသင်းတွေ ဖြစ်ပေမဲ့ အေစီမီလန်အသင်းက ခံစစ်မလုံတဲ့အသင်း ဖြစ်ပါတယ်။ တိုက်စစ်ဖွင့်ကစားမယ်ဆိုရင် နှစ်သင်းလုံး ဂိုးရနိုင်တယ်ဆိုပေမဲ့ ခံစစ်ပိုကောင်းတဲ့ လီဗာပူးအသင်းက ပိုသာပါတယ်။ အေစီမီလန်လို အသင်းကို အဝေးကွင်းကနေ ပြားကိုးဆယ်အရှုံးထိပေးထားတဲ့ လီဗာပူးအသင်းရဲ့ ပေါက်ကြေးက လီဗာပူးအသင်း နိုင်သွားနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ အိမ်ရှင်အောက်ကြေးဖြစ်တဲ့အပြင် အေစီမီလန်အသင်းကို ထိုးသားတွေ လူကြိုက်များနေတာကြောင့် လီဗာပူးအသင်းကို ကြိုက်ပါတယ်။

◾ ဘိုင်ယန်မြူးနစ် Vs ဒိုင်နမိုဇာဂရက်

ကွန်ပနီရဲ့ ဘိုင်ယန်အသင်းက ချန်ပီယံလိဂ်ဝါရင့်အသင်း တစ်သွင်း ဖြစ်သလို ဒိုင်နမိုဇာဂရက်အသင်းကလည်း အတွေ့အ ကြုံရှိတဲ့ အသင်း ဖြစ်ပါတယ်။ ဘွန်ဒစ်လီဂါနောက်ဆုံးပွဲမှာ ခြောက်ဂိုးသွင်းခဲ့သလို အိမ်ကွင်းပွဲ ဖြစ်တာကြောင့် ဘော်ဒီကြေး နှစ်လုံးအရှုံးထိ ခပ်ပြင်းပြင်းအကြောပေးထားပြီး ဂိုးပေါင်းကြေးလေးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ခရိုအေးရှားကလပ် ဇာဂရက်အသင်းက ခံစစ်ကောင်းတဲ့ အသင်းဖြစ်ပြီး ဒီပွဲက ဘိုင်ယန်တိုက်စစ်နဲ့ ဇာဂရက်ခံစစ်တို့ အားပြိုင်ကြမဲ့ပွဲပါ။ ဘိုင်ယန်အသင်းနိုင်သွားမှာ ဖြစ်ပေမဲ့ ခံစစ်ကောင်းတဲ့ ဇာဂရက်အသင်းကို ဂိုးတွေအများကြီး သွင်းနိုင်မယ်မထင်ပါဘူး။ ဘိုင်ယန်အသင်းကို ထိုးသားတွေ တစ်ခြမ်းစောင်းနေတာကြောင့် ဘိုင်ယန်ဘော်ဒီကြေးအောင်ဖို့ သုံးဂိုးပြတ်ဖို့တောင် ခက်ခဲမယ်လို့ ယူဆထားပြီး ဂိုးတွေ အများကြီးသွင်းပြီး အနိုင်ယူမယ်မထင်ပါဘူး။ ဘိုင်ယန်အသင်းက နှစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားပြီး အပြန်အလှန်ဂိုးတွေနဲ့ ငါးဂိုးလောက်ထိ မြင်ရမယ်မထင်တာကြောင့် ဂိုးအောက်ရွေးချယ်စေချင်ပါတယ်။

◾ရီးရဲမက်ဒရစ် Vs စတုဂတ်

လက်ရှိချန်ပီယံရီးရဲအသင်းကတော့ ချန်ပီယံလိဂ်သခင်ကြီးဆိုတာ အားလုံးသိပြီးသား ဖြစ်ပေမဲ့ စတုဂတ်အသင်းကတော့ ချန်ပီယံလိဂ်အတွေ့အကြုံနုတဲ့ အသင်းဖြစ်ပါတယ်။ အန်စလော့တီရဲ့ ရီးရဲအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွေဆိုရင် သေသေချာချာ ပြင်ဆင်ကစားတတ်ပြီး တိုက်စစ်ရော ခံစစ်ရော မျှမျှတတကစားတတ်တဲ့အသင်း ဖြစ်ပါတယ်။ စတုဂတ်အသင်း ဘယ်လောက်ကောင်းကောင်း ရီးရဲအိမ်ကွင်းမှာ ဂိုးရဖို့မလွယ်ဘဲ ခံစစ်အသားပေးပြီး ထိန်းကစားလာဖို့ များပါတယ်။ ဒီပွဲမှာ ရီးရဲအသင်းက ဘော်ဒီကြေး နှစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးအရှူံး ဖြစ်ပါတယ်။ အိမ်ရှင်ရီးရဲအသင်း ဘော်ဒီကြေးအောင်သွားနိုင်ပေမဲ့ ကစားပွဲကို သေချာထိန်းချုပ်ကစားတတ်တဲ့ ရီးရဲအသင်းကြောင့် စတုဂတ်အသင်း ဂိုးရမယ်လို့ မထင်ပါဘူး။ ပေါက်ကြေးနဲ့ ရီးရဲအသင်းရဲ့သမ္ဘာကြောင့် ရီးရဲအသင်း ဘော်ဒီကြေး အောင်သွားပြီး ဂိုးပေါင်းထိန်းသွားမယ်လို့ ယူဆတဲ့အတွက် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ စပို့တင်းVs လိုင်လီ

ပေါ်တူဂီကလပ် စပို့တင်းအသင်းက ပေါ်တူဂီလိဂ်မှာ အရမ်းကောင်းနေပြီး ခြောက်ပွဲကစား ခြောက်ပွဲနိုင်နဲ့ တစ်ပွဲကို အနိမ့်ဆုံးနှစ်ဂိုးသွင်းထားနိုင်တာ တွေ့ရပါတယ်။ စပို့တင်းအသင်းရော လိုင်လီအသင်းရော ချန်ပီယံလိဂ်အတွေ့အကြုံရှိတဲ့အသင်းဖြစ်ပြီး စပို့တင်းအသင်းရဲ့ ဘော်ဒီကြေး တစ်လုံးသရေဟာ ပြင်းရှတယ်လို့ ပြောလို့ရပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ လိုင်လီအသင်းက Playoff ကနေတက်ရောက်လာတာဖြစ်ပြီး ပြင်သစ်လိဂ်မှာလည်း ရလဒ်တွေ သိပ်မကောင်းတဲ့အတွက် စပို့တင်းအသင်းရဲ့ ဘော်ဒီကြေး ပြင်းရှနေပုံရပါတယ်။ စပို့တင်းအသင်းရဲ့ ကစားကွက်နဲ့ တိုက်စစ်က တော်တော်လေးကောင်းတဲ့ အနေအထားဖြစ်ပြီး ပေါက်ကြေးကလည်း အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးလို့ ယူဆထားပါတယ်။ တစ်လုံးသွင်းရင်တောင် သရေကျဦးမှာ ဖြစ်ပေမဲ့ စပို့တင်းအသင်း အနိမ့်ဆုံးတစ်ဂိုးလောက်နဲ့ နိုင်သွားနိုင်သလို ဂိုးတွေ အများကြီးမြင်ရဖို့ ရှိတယ်လို့ ယူဆထားတဲ့အတွက် စပို့တင်းအသင်းနဲ့ ဂိုးပေါ် ကို ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *