September 19, 2024

၁၇.၉.၂၀၂၄
Written By Thandar

သရုပ်ဆောင် ပိုင်စိုးသူက ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့အတွက် သူကိုယ်တိုင်ရေးဆွဲထားတဲ့ Call Me By Your Name ပန်းချီကားကို လေလံတင်ရောင်းချခဲ့ရာမှယ ကျပ် ၃၄ သိန်းကျော်နဲ့ မေမီကိုကိုက လေလံ ရရှိခဲ့ပါတယ်။

“ကျွန်‌တော့်ရဲ့ ပန်းချီကားလေး ရေဘေးလှူဖို့အတွက် ကြမ်းခင်းစျေး ၁ သိန်းကနေ စပြီး‌တော့ လေလံဆွဲတာ
အခု နောက်ဆုံးပိတ်စျေး ၃၄ သိန်း ၂ သောင်းနဲ့ မမေမီကိုကိုက ရသွားပါတယ်။ ပထမက ၅ သိန်းလောက်ပဲရမယ်ထင်တာ ဒီလောက်ထိရသွားလို့ မယုံနိုင်အောင်ဖြစ်ရပါတယ်။ ကျွန်တော့်အနေနဲ့ အခု ပျော်လွန်းလို့ လက်တွေပါတုန် မျက်ရည်ဝဲပါတယ်။ ဒီပန်းချီကားလေးကတော့ BL ကားလေးကို ဖန်တီးပြီး ရေးဆွဲထားပါတယ်။ မမေမီကိုကို ကိုလည်းကျေးဇူးအများကြီးပါဗျာ” လို့ သရုပ်ဆောင် ပိုင်စိုးသူက ပြောပါတယ်။

အဆိုပါ ပန်းချီကားကို ငွေကျပ် ၁ သိန်းကနေစပြီး လေလံတင်ရောင်းရခဲ့ရာ ၂၄ နာရီအတွင်း သရုပ်ဆောင် မေမီကိုကိုက အမြင့်ဆုံးလေလံကြေး သုံးဆယ့်လေးသိန်းနှစ်သောင်းကျပ်နဲ့ ဝယ်ယူလှူဒါန်းနိုင်ခဲ့တာပါ။

သရုပ်ဆောင် ပိုင်စိုးသူက ပန်းချီကားရောင်းရငွေအားလုံးကို ရေဘေးအတွက် ပြန်လည် လှူဒါန်းသွားမှာဖြစ်ပါတယ်။

” ရေဘေးအတွက် လှူမယ့်ရည်ရွယ်ချက်လေး ပြည့်ဝခဲ့တဲ့အတွက် ပီတိဖြစ်ရပါတယ်။ ကျွန်တော်တစ်ယောက် တည်းကြောင့် ဒီလေလံလေးအောင်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော့်ကို ချစ်ခင်ယုံကြည်ပြီး ပါဝင်လှူဒါန်းပေးကြတဲ့ မောင်နှမတွေကြောင့်ပါ။ ပါဝင်ပေးကြတဲ့ အလှူရှင်တွေလည်း ပါပါတယ်။ကျေးဇူးပါနော်”လို့ သရုပ်ဆောင်မေီကိုကိုက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *