September 19, 2024

၁၇. ၉. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံကြုံတွေ့နေရသော ရေလွှမ်းမိုးမှုပြဿနာများကို နည်းစနစ်မှန်ကန်စွာ ဖြေရှင်းနိုင်ရန်အလေးထားခြင်းနှင့်အတူ ရေအရင်းအမြစ်စီမံထိန်းချုပ်ရေးကိစ္စများတွင် အနီးကပ်ဆောင်ရွက်မှုများကို အရှိန်မြှင့်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၆ ရက်တွင် ကြေညာခဲ့သည်။

ထိုသို့နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံစလုံးအတွက် အနာဂတ်တွင် ရေလွှမ်းမိုးမှုဘေးကို ထိန်းချုပ်နိုင်မှုနှင့် ရေအရင်းအမြစ်စီမံထိန်းချုပ်နိုင်မှုတို့တွင် ထိရောက်မှုပိုမိုတိုးတက်စေရန် ရည်ရွယ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက မီဒီယာသို့ပြောခဲ့သည်။

၎င်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် စက်တင်ဘာလ ၁၆ ရက်က တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ရေအရင်း အမြစ်စီမံထိန်းချုပ်နိုင်မှုနှင့် နှစ်နိုင်ငံစလုံး၏ နိုင်ငံသားများအပေါ်သက်ရောက်မှုရှိနေသော သဘာဝဘေးဒဏ်များမှကယ်ဆယ်နိုင်ရေးအတွက် နှစ်နိုင်ငံအနီးကပ်ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု သဘောတူခဲ့ကြကြောင်း ပြောခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မားရစ်က ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့်တရုတ် နိုင်ငံတို့ပါဝင်သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု(MLC) အစီအစဉ်အောက်မှ ရေအရင်းအမြစ် စီမံထိန်းချုပ်နိုင်မှု ဆောင်ရွက်ချက်များတိုးမြှင့်သွားရန်လည်း အဆိုပြုခဲ့ကြောင်း သိရသည်။

မာရစ်က နှစ်နိုင်ငံစလုံးတွင် လက်ရှိကာလ၌သက်ရောက်မှုရှိနေသော ရေလွှမ်းမိုးမှုဘေးအခြေအနေများကို ဆွေးနွေးရန်နှင့် ရေဘေးသက်ရောက်နေသူများသို့ အကောင်းဆုံးသော ကယ်ဆယ်ရေးနည်းလမ်းများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် စက်တင်ဘာလ ၁၅ ရက်၊ တနင်္ဂနွေနေ့က မြန်မာနိုင်ငံရှိ သံရုံးနှင့် အဖွဲ့ အစည်းများသို့ သွားရောက်ခဲ့ကြောင်း ပြောခဲ့သည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *