September 19, 2024

၁၇. ၉. ၂၀၂၄
Written by Nay Moe

အရပ်ဝတ်နဲ့လာတဲ့ ရဲအုပ်တစ်ဦးအပါအဝင် လူနှစ်ဦးကို စောင့်ကြိုချောင်းမြောင်း သတ်ဖြတ်လိုက်တယ်လို့ အုတ်ဖို PDF က ဒီနေ့မနက်မှာ ဝန်ခံချက်ထုတ်ပြန်လာပါတယ်။

​လူသတ်မှုဖြစ်စဥ်က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာရဲစခန်းကနေ အရပ်ဝတ်နဲ့ ခြေလျင်ထွက်ခွာလာတဲ့ အင်အား ၅ ဦးပါ အဖွဲ့ကို အုတ်ဖို အထက်တန်းကျောင်းရှေ့ လမ်းပေါ်ကနေ စောင့်ကြိုပြီး စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲခန့်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲ့ PDF တွေက ချောင်းမြောင်းစောင့်ကြိုပစ်ခတ်တာကြောင့် စခန်းမှူး ရဲအုပ်ဇော်ဝင်းနဲ့ ရဲသတင်းပေးဆိုသူ ကိုသက်တို့ နေရာတင် သေဆုံးသွားတယ်လို့ ပြောပါတယ်။ သေဆုံးသွားသူနှစ်ဦးဆီက လက်ပစ်ဗုံး ၁ လုံး၊ ၀ီစီ ၁ ခု၊ ငွေသား ၁၈၀၅၀၀ ကျပ်၊ မှတ်ပုံတင် ၁ ခု၊ ယာဉ်မောင်းလိုင်စင် ၁ ခု၊ ရဲဝန်ထမ်းအရာရှိကတ် ၁ ခု၊ လဝကသက်သေခံကတ် ၁ ခု စတာတွေ လုယက် သိမ်းယူခဲ့တယ်ပြောပါတယ်။

ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ အများအပြား သတ်ဖြတ်ခံရတဲ့ တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးပါတယ်။ နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *