September 19, 2024

၁၇. ၉. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ဒေါ်လာ ၅ သန်း ထပ်မံထုတ်ရောင်း၍ တစ်လခွဲကျော်အတွင်း ဒေါ်လာသန်း ၂၃၀ ခန့်အထိ ထုတ်ရောင်းပေးထားကြောင်း စက်တင်ဘာ ၁၆ ရက်(ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီအလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့၍ ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ဒေါ်လာ ၂၀၆ သန်းဝန်းကျင် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် စက်တင်ဘာ ၅ ရက်တွင် ဒေါ်လာကိုးသောင်း၊ စက်တင်ဘာ ၆ ရက်တွင် ဒေါ်လာတစ်သိန်းနှင့် စက်တင်ဘာ ၁၃ ရက်တွင် ဒေါ်လာ ၂၃၀,၀၀၀ ထပ်မံရောင်းချထား၍ ယခုထပ်မံရောင်းချပေးသည့် ဒေါ်လာ ၅ သန်း အပါအဝင် ဩဂုတ်လ ၁ ရက်မှ လက်ရှိအချိန်အထိ တစ်လခွဲကျော်အတွင်း စုစုပေါင်းဒေါ်လာ ဒေါ်လာ ၂၁၁ သန်းဝန်းကျင် ထုတ်ရောင်းပေးထားသည်။

ထို့ပြင် ‌စက်သုံးဆီအတွက် ဒေါ်လာ ၁၀ သန်းနှင့် စားသုံးဆီအတွက် ဒေါ်လာ ၇ သန်း စုစုပေါင်းဒေါ်လာ ၁၇ သန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ စက်တင်ဘာ ၁၂ ရက်တွင် အသိပေးခဲ့သော်လည်း မည့်သည့်နေ့ရက်တွင် ရောင်းချပေးမည်ကိုမူ ဖော်ပြထားခြင်းမရှိခဲ့ပေ။ ထိုကြောင့် အဆိုပါ ထုတ်ရောင်းပေးမည့် ဒေါ်လာ ၁၇ သန်းကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက တစ်လခွဲကျော်အတွင်း ဒေါ်လာရောင်းချပေးမှု စုစုပေါင်းပမာဏ ဒေါ်လာသန်း ၂၂၈ သန်းအထိရှိလာမည်ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်း ကျပ် ၅၀၀၀ အောက်သို့ ကျဆင်းမှုရှိခဲ့သော်လည်း လက်မည်းကုန်သည်ကြီးများ၏ ဈေးကစားမှုကြောင့် စက်တင်ဘာ ၁၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၆၀၀ သို့ ပြန်မြင့်တက်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ ကျပ် ၅၀၀၀ အထက်မှာသာဆက်ရှိနေပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၅၁၀၀ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *