September 19, 2024

၁၇.၉.၂၀၂၄
Written By Thandar

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး ရေဘေးကယ်ဆယ်ရေးအတွက် ဆောင်ရွက်လျက်ရှိရာမှာ ရုပ်ရှင်လောကအဖွဲ့သားတွေနဲ့ အနုပညာရှင်တွေကလည်း ရေဘေးသင့်ပြည်သူတွေတွက် အလှူငွေတွေ ပါဝင်လှူဒါန်းလျက်ရှိပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး ရေဘေးကယ်ဆယ်ရေးအတွက် အလှူငွေတွေ လှူဒါန်းပေးဖို့ရှိပါတယ်။ အဲဒီအတွက် အခုအချိန်မှာ ရုပ်ရှင်အဖွဲ့သားတွေနဲ့ အနုပညာရှင်တွေကလည်း အလှူငွေတွေကို ပါဝင်လှူဒါန်းပေးနေကြပါတယ်။ ဒီလှူဒါန်းမှုတွေက ရရှိလာတဲ့ အလှူငွေတွေကို တကယ်လိုအပ်နေတဲ့ ရေဘေးသင့်ပြည်သူတွေဆီကို ပေးအပ်သွားမှာဖြစ်ပါတယ်။ သွားရောက်လှူတဲ့အခါမှာလည်း အသိပေး ကြေညာသွားပါမယ်” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရေဘေးကယ်ဆယ်ရေးအတွက် အလှူရှင်တွေအနေနဲ့ အရက်စက်ဆုံး အနမ်းရုပ်ရှင်ဇာတ်ကားကြီးအဖွဲ့သားတွေက ကျပ် ၁၂ သိန်း၊ သုခမိန်ရုပ်ရှင်ထုတ်လုပ်ရေးက ကျပ် ၁၀ သိန်း၊ သရုပ်ဆောင် နေဗလု (နေလကမ္ဘာထုတ်လုပ်ရေး)က ငွေကျပ်၂ သိန်း၊ Triple Six ရုပ်ရှင်ထုတ်လုပ်ရေးက ကျပ် ၁၁ သိန်း၊ သဘင်သည်မြနှင်းဆီရုပ်ရှင်အဖွဲ့သားတွေက အလှူငွေကျပ် ၁၀ သိန်း၊ သရုပ်ဆောင် ဘုန်းမြတ်မင်းသန့်က ကျပ် ၅ သိန်း၊ မင်းသားကြီးဦးကြည်စိုးနဲ့ ဇနီးဒေါ်ရီရီဝင်း မိသားစုက ကျပ် ၃ သိန်းစတဲ့ စေတနာရှင်တွေက ပါဝင်လှူဒါန်းထားကြပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ရေဘေးကယ်ဆယ်ရေးအတွက် အလှူငွေတွေကို ရန်ကုန်မြို့ ၊ ဗဟန်းမြို့ နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာလာရောက်လှူဒါန်းနိုင်သလို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဖုန်း ၀၉-၈၈၀၈၉၆၉၅၇ ကိုလည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *