September 19, 2024

၁၇.၉.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ဧရာဝတီတံတားပေါ်တွင် အရက်မူးပြီးမောင်းနှင်လာသည့် မော်တော်ယာဥ်မှ အရှိန်လွန်၍ ဆိုင်ကယ်မောင်းသူကို တိုက်မိရာက ဆိုင်ကယ်စီးသူအမျိုးသားအခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ စက်တင်ဘာ ၁၆ ရက် ည ၇ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြ ယာဥ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဖြစ်စဥ်နေရာသို့ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီရာ အခင်းနေရာ၌ ဆိုင်ကယ်မောင်းသူအမျိုးသားမှာ ဦးခေါင်းပွင့်၊ ဘယ်ဘက်လက်ဖျံရိုးကျိုးပြီး၊ ခြေထောက်နှစ်ဖက်စလုံး ကျိုးကျေပွင့်ထွက်၍ သေဆုံးနေကြောင်း သိရသည်။

“ဖြစ်တဲ့နေရာရောက်တော့ ဆိုင်ကယ်မောင်းတဲ့သူက သေနေပြီ။ ဘယ်လိုမျိုးတိုက်မိလဲတော့မသိဘူး။ ကားမောင်းတဲ့သူက မူးနေတာ။ ကားက မကွေးကနေ မင်းဘူးအဆင်း။ ဆိုင်ကယ်က မင်းဘူးကနေ မကွေးအလာ။ အဲ့ဒီမှာတိုက်မိတာ။ အဲ့ဒီနားမှာ ဂိတ်ရှိတော့ ကားသမားထွက်မပြေးဘူး”ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ယာဥ်တိုက်ခံရမူကြောင့် သေဆုံးသွားသည့် ဆိုင်ကယ်မောင်းသူအမျိုးသားမှာ အသက် (၄၀) ကျော်ရှိပြီးအလောင်းကို မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ လက်ရှိအချိန်တွင် ပိုင်ရှင်မဲ့ ဖြစ်နေကြောင်းလည်း သိရသည်။

Photo – Zaw Naing

Leave a Reply

Your email address will not be published. Required fields are marked *