September 19, 2024

၁၆.၉. ၂၀၂၄
Written by Shwe Phyo

အိန္ဒိယအစိုးရသည် ရာဂီမုန်တိုင်းဒဏ်ကြောင့် ကြီးမား သော ထိခိုက်ပျက်စီးမှုများရင်ဆိုင်ခဲ့ရသည့် မြန်မာနိုင်ငံအပြင် လာအို၊ ဗီယက်နမ်နိုင်ငံများသို့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးပို့ကူညီသွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက သတင်းထုတ်ပြန်လိုက်သည်။

အိန္ဒိယအစိုးရသည် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများသို့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရန်အတွက် OperationSadbhav ကို စတင်မည်ဖြစ်ပြီးမုန်တိုင်းဒဏ်ခံရသော ပြည်သူများနှင့်အတူ စုစည်းညီညွတ်ကြောင်းပြသရန် ကူညီဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး S Jaishankar က ရိက္ခာခြောက်၊ အဝတ်အစား၊ ဆေးဝါးများအပါအဝင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပစ္စည်း အလေးချိန် ၁၀ တန်ကို မြန်မာနိုင်ငံသို့ အိန္ဒိယရေတပ်သင်္ဘော INS Satpura ဖြင့် ပေးပို့ကူညီသွားမည်ဖြစ်ကြောင်း ပြောသည်။

အိန္ဒိယအစိုးရသည် ဗီယက်နမ်နိုင်ငံသို့လည်း အမေရိကန်ဒေါ်လာ ၁ သန်းတန်ဖိုးရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးမည်ဖြစ်သလို လာအိုနိုင်ငံကိုလည်း အမေရိကန်ဒေါ်လာ ၁ သိန်းတန်ဖိုးရှိ အကူအညီများပေးပို့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

ရာဂီမုန်တိုင်းသည် ယခုနှစ်အတွင်း အာရှတိုက်ကို ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် အားအပြင်းဆုံးမုန်တိုင်းတစ်ခုဖြစ်ပြီး စက်တင်ဘာအစောပိုင်းတွင် ဖိလစ်ပိုင်၊ တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့ကို စတင်ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် မြန်မာ၊ လာအိုနှင့်ထိုင်းနိုင်ငံများသို့လည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *