September 19, 2024

၁၆.၉.၂၀၂၄
Written By Thandar

ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့ အတွက် နာမည် ကြီးအဆိုတော်တွေနဲ့ ၂ ရက်တိုင်တိုင်ပြုလုပ်မဲ့ Music Charity Show on The Road ရန်ပုံငွေဂီတ ဖျော်ဖြေပွဲကို စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ရန်ကုန်မြို့ရှိ မြေနီကုန်း ကုန်းကျော်တံတားအောက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်ကို ခံစားနေကြရတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ကျွန်တော်တို့ ဂီတသမားတွေအနေနဲ့လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ ဘေးအန္တရာယ် ကြုံတွေ့နေရတဲ့သူတွေအတွက် ရန်ပုံငွေရရှိဖို့ ဖျော်ဖြေကြမယ့် ပွဲပါ။ ကျွန်တော်တို့ ဂီတပိုင်းက အဆိုတော်တွေပေါင်းပြီး ၂ ရက် သီဆို ဖျော်ဖြေကြမှာပါ။ နေရာကတော့ ရန်ကုန်မြို့မှာ လူလည်းစည်ကားတဲ့ မြေနီကုန်း ကုန်းတံတားအောက်မှာ သီဆိုကြမှာပါ။ မိတ်ဆွေတွေအနေနဲ့လည်း လာရောက်ကြည့်ရှုအားပေးပြီး အလှူငွေတွေ ထည့်ဝင်လှူဒါန်းနိုင်ပါတယ်။ ဒီ က ရရှိလာတဲ့ ငွေကြေးတွေကိုလည်း အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေလှူဒါန်းသွားမှာပါ”လို့ အဆိုတော် သာဒီးလူက ပြောပါတယ်။

အဆိုပါ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာတော့ လာမယ့် စက်တင်ဘာ ၁၇ ရက်နဲ့ စက်တင်ဘာ ၁၈ ရက်တို့မှာ ညနေ ၃ နာရီကနေ ည ၈ နာရီအထိ ရန်ကုန်မြို့ မြေနီကုန်း ကုန်းကျော်တံတားအောက်မှာ နိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ ထူးအယ်လင်း၊ သာဒီးလူ၊ ဝန၊ စစ်သူ၊ ဝေလ၊ နောနော်၊ ဉာဏ်လင်းထယ်၊ ဝေကြီး ၊ Drone၊ Mariam-K ၊ စိုင်းလေး၊ အောင်ဖြိုး စတဲ့သူတို့က ပါဝင်ဖျော်ဖြေကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *