September 19, 2024

၁၆. ၉. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် ၂၀၂၄ ခုနှစ်အတွင်း ၁၃ ကြိမ်မြောက်လည်းဖြစ်သော တိုင်ဖွန်း ဘီဘင်ကာ(typhoon Bebinca) က အရှေ့တရုတ်ပင်လယ်မှ တရုတ်နိုင်ံငံ အရှေ့ဘက်ကမ်းရိုးတန်းသို့ စက်တင်ဘာလ ၁၆ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကုန်းတွင်းဝင်ရောက်ကာ ရှန်ဟိုင်းမြို့အား နံနက် ၇ နာရီခွဲခန့်တွင် ဆက်လက် တိုက်ခတ်ခဲ့ကြောင်း သိရသည်။

တိုင်ဖွန်း ဘီဘင်ကာက ရှန်ဟိုင်းမြို့ကို တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်းများအနက် ၁၉၄၉ ခုနှစ်က တိုက်ခတ်ခဲ့သော တိုင်ဖွန်း ဂလိုရီယာပြီးလျှင် ၇၅ နှစ်အတွင်း အပြင်းထန်ဆုံးလည်းဖြစ်ကာ ရှန်ဟိုင်းမြို့ ပတ်ဝန်းကျင်တစ်ဝိုက် တိုက်ခတ်ချိန်တွင် လေတိုက်နှုန်းမှာ အကြမ်းအားဖြင့် တစ်နာရီ ၉၄ မိုင်နှုန်း (တစ်နာရီ ၁၅၁ ကီလိုမီတာနှုန်း) ရှိခဲ့သည်။

ထို့အတွက် ရှန်ဟိုင်းမြို့၏ လေဆိပ်နှစ်ခုစလုံးတွင် လေယာဉ်အဆင်းအတက်များ ရပ်ထားကာ အဝေးပြေးလမ်းမကြီးများကိုပိတ်ထားပြီး ရထားပြေးဆွဲမှုများလည်း ရပ်ထားရကြောင်းသိရသည်။

မုန်တိုင်းကြောင့် မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိ၍ မြို့နေပြည်သူ ၂၅ သန်းခန့်ကိုလည်း မိမိတို့အိမ်များ၌သာ နေထိုင်ကြရန် တာဝန်ရှိသူများက ပြောခဲ့ကြသည်။

ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကလည်း ကယ်ဆယ်ရေးသမား ၁၂,၀၀၀ ကို စုစည်းတပ်ချထားကာ ရေဘေးကယ်ဆယ်ရေးပစ္စည်း ဂိုဒေါင် ၄၁၅ ခုကို အသင့်ပြုလုပ်ထားကြောင်း သိရသည်။

Ref- Xinhua, DW

Leave a Reply

Your email address will not be published. Required fields are marked *