September 20, 2024

၁၆.၉. ၂၀၂၄
Written by Shwe Phyo

အိန္ဒိယနိုင်ငံ Saitual ရဲတပ်ဖွဲ့သည် Keifang Dawrkawn အရပ်ဒေသတွင် မောင်းနှင်လာသောကားကို စစ်ဆေးခဲ့ရာမှ ရူပီး ၁၇ ဒသမ ၇၆ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၅၉၂ ဒသမ ၅၉ ဂရမ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ဖြစ်စဥ်မှအိန္ဒိယနိုင်ငံအတွင်းသို့ ဘိန်းဖြူများ တရားမဝင်တင်သွင်းရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားတစ်ဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

အိန္ဒိယရဲတပ်ဖွဲ့က Champhai အရပ်ဒေသမှ Aizawl အရပ်ဒေသသို့ သွားရောက်မည့် ကားတစ်စီးပေါ်တွင်လိုက်ပါသော ခရီးသွားများအနက်မှ ခရီးသည်တစ်ဦးကို ဘိန်းဖြူများဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဘိန်းဖြူများကို ဆပ်ပြာခွက်အတွင်း ထည့်သွင်းထားခြင်းဖြစ်ရာ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် အရေအတွက် ၅၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော သူသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး Saitual ရဲစခန်းသို့ ပို့ဆောင်ကာ အသေးစိတ်စမ်းသပ်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ အိန္ဒိယရဲတပ်ဖွဲ့သည် ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားကို အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှု၊ မူးယစ်ဆေးဝါးများ တင်ပို့ရန်ကြိုးပမ်းမှု စသောစွဲချက်များဖြင့် စွဲချက်တင်သွားဖွယ်ရှိနေကြောင်းသိရသည်။ အဆိုပါဖမ်းဆီးရမိသော မြန်မာနိုင်ငံသားသည်အသက် ၄၁ နှစ်အရွယ်ရှိနေကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

REF indianews

Leave a Reply

Your email address will not be published. Required fields are marked *