September 20, 2024

၁၆.၉.၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်းမြို့နယ်)၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း အကွက်အမှတ် (၅၄ – ခ )ရှိ လူသုံးကုန်ပစ္စည်း ဖြန့်ဖြူးတဲ့ ဂိုဒေါင်တစ်လုံး မီးလောင်မှု ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၄ နာရီ ၄၃ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်သတင်းရရှိတဲ့အတွက် မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ ထွက်ခွာကာ Level -1 အဆင့် ခေါ်ယူ ငြှိမ်းသတ်ခဲ့ရပြီး မနက် ၅ နာရီ ၂၇ မိနစ်မှာ မီးထိန်းနိုင်ခဲ့ကာ ၅နာရီ ၃၉ မိနစ်မှာ မီးငြိမ်းခဲ့ပြီး တစ်နာရီနီးပါးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှု အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *